Connect with us

ASEAN

ဂျပန်နိုင်ငံတွင် ကိုဗစ် အတည်ပြုလူနာ ဦးရေ ထပ်မံ စံချိန်သစ်တင် မြင့်တက်လာ၊ စီရင်စုတစ်ဝက်ကျော်တွင် စံချိန်ချိုးမြင့်တက်လျက်ရှိ

ပေကျင်း၊ ဩဂုတ် ၁၉ ရက်(ဆင်ဟွာ)

ဂျပန်နိုင်ငံတွင် နေ့စဉ်ထပ်တိုးသည့် ကိုဗစ်အတည်ပြုလူနာဦးရေသည် ဩဂုတ် ၁၈ ရက်တွင် ထပ်မံ စံချိန်သစ်တင် မြင့်တက်လာခဲ့သည်။ တစ်နိုင်ငံလုံးရှိမြို့၊ခရိုင်စီရင်စု (၄၇)ခုအနက် တစ်ဝက်ကျော်၌ ကိုဗစ်ထပ်တိုးလူနာအရေအတွက်သည် စံချိန်ချိုးမြင့်တက်လျက်ရှိကြောင်း သိရသည်။ဩဂုတ် ၁၈ ရက် ၁၈ နာရီ ၃၀ မိနစ်အထိ တစ်နိုင်ငံလုံးတွင် ထပ်တိုးလူနာ (၂၃,၉၁၇)ဦး ရှိရာ ၎င်းမှာ ၁၃ ရက်၌ စံချိန်ချိုးခဲ့သည့် လူနာဦးရေ (၃,၀၀၀)ကျော်ကို ကျော်လွန်ခဲ့ကြောင်း NHK ရုပ်သံ၏ ဖော်ပြချက်များအရသိရသည်။ မြို့၊ခရိုင်စီရင်စု (၄၇)ခုအနက် (၂၅)ခုတွင် စံချိန်ချိုးမြင့်တက်ခဲ့ခြင်းဖြစ်ပြီး မြို့တော်တိုကျိုတွင် ဩဂုတ် ၁၈ ရက်၌ ထပ်တိုးလူနာအရေတွက် (၅,၃၈၀)ဦးကျော်ရှိခဲ့ရာ ကပ်ရောဂါဖြစ်ပွားသည့်ကာလတစ်လျှောက် ဒုတိယအများဆုံးနေ့ ဖြစ်ခဲ့သည်။

တစ်နိုင်ငံလုံးတွင် ရောဂါပြင်းထန်သည့် လူနာဦးရေသည် ဆက်တိုက် စံချိန်တင်မြင့်တက်လျက်ရှိရာ (၁,၇၁၆)ဦးထိရှိပြီး ထပ်တိုးသေဆုံးလူနာ (၂၉)ဦး ရှိခဲ့ကြောင်း သိရသည်။

ကပ်ရောဂါအခြေအနေ ဆိုးဝါးလာမှုကြောင့် ခရိုင်ဒေသ (၇)ခုကို ဩဂုတ် ၂၀ ရက်တွင် ရောဂါကာကွယ်ရေးအရေးပေါ်အခြေအနေအဖြစ် ထပ်တိုး ဆောင်ရွက်ရန်နှင့် အရေးပေါ်ကာလကို စက်တင်ဘာ ၁၂ ရက်တွင် အဆုံးသတ်ရန် ဂျပန်အစိုးရက ပြီးခဲ့သည့် ရက်တွင် ဆုံးဖြတ်ခဲ့သည်။ ထို့အပြင် တိုကျို၊အိုဆာကာစသည့် ဒေသ(၆)ခု၏ အရေးပေါ်အခြေအနေကို စက်တင်ဘာ ၁၂ ရက်အထိ ထပ်တိုးခဲ့သည်။

ဂျပန်၏ကပ်ရောဂါဆိုးဝါးမှုအခြေအနေသည် တားဆီးရန်ခက်ခဲသည့် အခြေအနေကို ရောက်ရှိနေရာ ပြီးခဲ့သော ရက်သတ္တပတ်က ပျမ်းမျှ နေ့စဉ်ထပ်တိုးလူနာဦးရေအတွက် မြို့၊ခရိုင်စီရင်စု (၄၀)ခုတွင် ကပ်ရောဂါ သတိပေးချက်အဆင့်(၄)၏ အမြင့်ဆုံးအခြေအနေဖြစ်သည့် ရောဂါပေါက်ကွဲဖြစ်ပွားရန် တာစူသည့်အခြေအနေသို့ရောက်ရှိနေကြောင်း ဂျပန်အစိုးရ

———————————————-
(Chinese Version)

日本新增病例再创新高 过半府县破纪录

新华社北京8月19日电 日本单日新增新冠确诊病例18日再创新高,全国47个都道府县中,超过半数新增病例数创纪录。
据日本广播协会电视台报道,截至18日18时30分,全国新增病例23917例,比13日创造的原纪录高出3000多例。47个都道府县中,25个刷新纪录。首都东京18日新增病例超过5380例,为疫情暴发以来第二高。

全国重症患者人数继续创新高,达到1716人。新增死亡病例29例。
由于疫情持续恶化,日本政府日前决定,新增7个府县20日进入防疫紧急状态,定于9月12日结束。另外,东京都、大阪府等6个地区的紧急状态将延长至9月12日。

为日本政府提供防疫咨询的一个专家组18日判断,日本疫情恶化已经难以遏制,就过去一周平均单日新增病例数而言,40个都道府县已经达到疫情四级警戒的最高级别,即爆发式发展阶段。(惠晓霜)
图说1: 7月8日,人们戴着口罩在日本东京街头出行。(新华社发,克里斯托弗•朱摄)