Connect with us

Africa & Middle East

တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ Matiari-Lahore HVDC လျှပ်စစ်ဓါတ်အားပို့လွှတ်ရေးစီမံကိန်း ဓာတ်အားအပြည့်အဝနီးပါး ပို့လွှတ်သည့်အဆင့်သို့ရောက်ရှိ

ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ်၏ မြို့တော်Lahoreရှိ တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံ(CPEC) Matiari-Lahore HVDC ဓါတ်အားပို့လွှတ်ရေးစီမံကိန်း၏ မြင်ကွင်းအား ဖေဖော်ဝါရီ ၄ ရက်က တွေ့ရစဉ်(SGCC/Handout via Xinhua)

အစ္စလာမ်မာဘတ်၊ ဇွန် ၂၆ ရက်(ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ Matiari မှ Lahore သို့ သွယ်တန်းထားသည့် ±660kV Matiari-Lahore high-voltage direct current (HVDC) လျှပ်စစ်ဓါတ်အားပို့လွှတ်ရေးစီမံကိန်း၏ ဓါတ်အားပို့လွှတ်မှုအခမ်းအနားကို ဇွန် ၂၅ ရက်က အစ္စလာမ်မာဘတ်နှင့်ပေကျင်းအကြား ဗီဒီယိုချိတ်ဆက်၍ တစ်ချိန်တည်း ကျင်းပခဲ့ကြောင်း သိရသည်။ ၎င်းမှာ တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံ(CPEC)၏ ဦးစားပေးအကောင်အထည်ဖော်ဆောင်ရွက်သည့် စီမံကိန်းမှ လျှပ်စစ်ဓါတ်အား အပြည့်အဝနီးပါး ပို့လွှတ်နိုင်သည့် အမှတ်သင်္ကေတလည်း ဖြစ်သည်။

ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ်၏ မြို့တော်Lahoreရှိ တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံ(CPEC) Matiari-Lahore HVDC ဓါတ်အားပို့လွှတ်ရေးစီမံကိန်း၏ညမြင်ကွင်းအား ဧပြီ ၁၀ ရက်က တွေ့ရစဉ်(SGCC/Handout via Xinhua)

ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ်ရှိ တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံ(CPEC) Matiari-Lahore HVDC ဓါတ်အားပို့လွှတ်ရေးစီမံကိန်းမှ သွယ်တန်းထားသော လျှပ်စစ်ဓါတ်အားလိုင်းအား ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁၁ ရက်က တွေ့ရစဉ်(SGCC/Handout via Xinhua)

HVDC သည် ပါကစ္စတန်အတွက်ဆိုလျှင် နည်းပညာသစ်တစ်ရပ်ဖြစ်ရာ စီမံကိန်းက နိုင်ငံ လျှပ်စစ်ဓာတ်အားလိုင်းကွန်ရက်၏တည်ငြိမ်မှု၊ ဓာတ်အားပို့လွှတ်နိုင်စွမ်းကို မြှင့်တင်ခြင်းနှင့် လျှပ်စစ်ဓါတ်အားပံ့ပိုးမှုကို ကောင်းမွန်အောင် တစ်ဆင့်တိုးပြောင်းလဲရာတွင် အကျိုးဖြစ်ထွန်းစေကြောင်း ပါကစ္စတန် စွမ်းအင်ဝန်ကြီး Hammad Azhar က အစ္စလာမ်မာဘတ်တွင် ကျင်းပသည့် အခမ်းအနား၌ ပြောကြားခဲ့သည်။

တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံတည်ဆောက်မှုသည် အရည်အသွေးမြင့်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍသစ်ကို လျှောက်လှမ်းနေပြီဖြစ်ကြောင်း၊ စက်မှုလုပ်ငန်း၊လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၊လူနေမှုစသည့် ကဏ္ဍများတွင် အာရုံစိုက် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိကြောင်း ပါကစ္စတန်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး နုန်ရုံက ဆိုသည်။ ယခုစီမံကိန်းသည် ပါကစ္စတန်၏ လျှပ်စစ်ဓါတ်အားပံ့ပိုးမှုတည်ငြိမ်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အကျိုးပြုသလို စက်မှုလုပ်ငန်းတိုးတက်ရေးအတွက် အာမခံမှုဖြစ်စေကြောင်း ဆိုသည်။

Matiari-Lahore HVDC ဓါတ်အားပို့လွှတ်ရေးစီမံကိန်းသည် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ၏ ပထမဆုံး အကြီးစား ဓါတ်အားပို့လွှတ်ရေးစီမံကိန်း ဖြစ်ကြောင်း ၊ စီးပွားဖြစ်လည်ပတ်အသုံးပြုပြီးပါက ပါကစ္စတန် လျှပ်စစ်ကွန်ရက် ကွန်ရက်သစ်၏ အဓိကဓါတ်အားပို့လွှတ်သည့် လမ်းကြောင်း ဖြစ်လာမည်ဖြစ်ပြီး ပါကစ္စတန်နိုင်ငံတောင်ပိုင်းတွင် လျှပ်စစ်ဓါတ်အားပို့လွှတ်ခြင်းနှင့် မြောက်ပိုင်းတွင် လျှပ်စစ်ဓါတ်အားပံ့ပိုးခြင်းအတွက် ခိုင်မာသည့် အာမခံချက်ရှိလာမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ အမျိုးသားစွမ်းအင်စီမံခန့်ခွဲမှုဌာန အကြီးအကဲ ကျန်းကျန့်ဟွာက ပေကျင်းတွင် ကျင်းပသည့် အခမ်းအနား၌ ပြောကြားခဲ့သည်။

State Grid Corporation of China (SGCC)သည် ဤအရေးကြီးစီမံကိန်းတစ်ခုကို တာဝန်ယူတည်ဆောက်၊ လည်ပတ်ပေးသည့် ကုမ္ပဏီအနေဖြင့် တည်ဆောက်မှုလုပ်ငန်းများကို ဆက်လက်တွန်အားပေး လုပ်ဆောင်သွားမည်ဖြစ်ပြီး ပါကစ္စတန်လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုပြုနိုင်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း SGCC ဥက္ကဋ္ဌ ရှင်းပေါင်အန်းက ဆိုသည်။

Matiari-Lahore ဓါတ်အားပို့လွှတ်ရေးစီမံကိန်းသည် ပါကစ္စတန်နိုင်ငံ၏ ပထမဆုံး HVDC ဓါတ်အားပို့လွှတ်ရေးစီမံကိန်းဖြစ်ကြောင်း သိရသည်။ အဆိုပါစီမံကိန်းကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် စတင်တည်ဆောက်ခဲ့ပြီး အပြည့်အဝနီးပါး ဓာတ်အားပို့လွှတ်ရန် စမ်းသပ်ပြီးနောက် ယခုနှစ် ဒုတိယနှစ်ဝက်တွင် တရားဝင်စီးပွားဖြစ်စတင်လည်ပတ်နိုင်ရန် ခန့်မှန်းခဲ့သည်။ နှစ်စဉ် လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီ ၃၀ ဘီလီယံ ပို့လွှတ်ပေးနိုင်ပြီး ဒေသရှိ အိမ်ထောင်စုပေါင်း (၁၀)သန်းအတွက် တည်ငြိမ်၍အရည်အသွေးမြင့်သည့် လျှပ်စစ်စွမ်းအင်ကို ပံ့ပိုးပေးနိုင်မည်ဖြစ်ရာ ပါကစ္စတန်စီးပွားရေးနှင့်လူမှုဘဝတိုးတက်ကောင်းမွန်စေအောင် မြှင့်တင်ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

———————————–
(Chinese Version)
(财经)中巴经济走廊默拉直流输电工程进入大负荷送电阶段
2021-06-25 23:32:58
新华社伊斯兰堡6月25日电(记者李浩)巴基斯坦默蒂亚里-拉合尔(默拉)±660千伏直流输电工程启动送电仪式25日在巴首都伊斯兰堡和北京通过视频连线方式同步举行,标志这个中巴经济走廊优先实施项目进入大负荷送电阶段。
巴基斯坦能源部长爱资哈尔在伊斯兰堡举行的仪式上说,高压直流输电对巴方来说是一项新技术,默拉直流输电工程有利于提高巴国家电网的稳定性和输电能力,进一步改善巴电力供应状况。
中国驻巴基斯坦大使农融表示,中巴经济走廊建设进入高质量发展新阶段,聚焦产业、农业、社会民生等领域合作。这一工程有利于巴方实现稳定电力供应,为工业化进程提供保障。
中国国家能源局局长章建华在北京举行的仪式上表示,默拉直流输电工程是中巴经济走廊首个大型输电项目,投入商业运营后将成为巴电网新网架结构的骨干输送通道,为巴南部电力外送和北部电力供应提供坚实保障。
中国国家电网有限公司董事长辛保安说,国家电网公司作为这一重要项目的承建和运营方,将继续推进工程建设,让该工程更好服务巴经济社会发展。
据了解,默拉直流输电工程是巴首个高压直流输电项目。该项目2018年12月开工建设,在经过大负荷送电试运行后预计于今年下半年正式投入商业运营,每年可输送电量超过300亿千瓦时,能够为当地约1000万户家庭提供稳定、优质电能,促进巴经济发展和民生改善。(完)

图说1:这是2021年2月4日在巴基斯坦东部旁遮普省首府拉合尔航拍的中巴经济走廊默拉直流输电工程拉合尔换流站全景。新华社发(中国国家电网有限公司供图)

图说2:这是2021年4月10日在巴基斯坦东部旁遮普省首府拉合尔拍摄的中巴经济走廊默拉直流输电工程拉合尔换流站夜景。新华社发(中国国家电网有限公司供图)
图说3:这是2020年10月11日在巴基斯坦东部旁遮普省拍摄的中巴经济走廊默拉直流输电工程输电线路。新华社发(中国国家电网有限公司供图)