Connect with us

INTERNATIONAL ORGANIZATION

အိုမီခရွန် ကူးစက်မှုက အမေရိကန်တွင် ယနေ့အထိ သာမန်အားဖြင့် ပျော့ပြောင်းသည့်ရောဂါလက္ခဏာများကို တွေ့ရှိရကြောင်း CDC ပြောကြား

နယူးယောက်၊ ဒီဇင်ဘာ ၉ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံတွင် ယနေ့အထိ တွေ့ရှိရသည့် ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ် အိုမီခရွန် ကူးစက်လူနာ ၄၀ ကျော်တွင် အားလုံးနီးပါးက ရောဂါလက္ခဏာအပျော့စားသာ ခံစားရကြောင်း အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးစင်တာ(CDC) ဒါရိုက်တာ Rochelle Walenskyက ဒီဇင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။ယနေ့အထိ အမေရိကန်တွင် တွေ့ရှိရသည့် အိုမီခရွန် ကိုရိုနာဗိုင်းရပ်စ်ကူးစက်လူနာ အားလုံးနီးပါး၏လက္ခဏာများသည် ပျော့ပြောင်းကြောင်း ၊ အဓိကအားဖြင့် ချောင်းဆိုး၊နှာစေးနှင့်ပင်ပန်းနွမ်းနယ်မှုများ ဖြစ်ကြပြီး ဆေးရုံတင် လူနာ ၁ ဦးသာရှိကြောင်း နှင့် သေဆုံးလူနာ မရှိသေးကြောင်း Rochelle Walenskyက မီဒီယာများကို ပြောသည်။

၎င်းမှာ အမေရိကန်နိုင်ငံရှိ အိုမီခရွန်ဗိုင်းရပ်စ်လူနာများ၏ အစောပိုင်းကိန်းဂဏန်းများဖြစ်ပြီး အချိန်ကာလ ရွှေ့ပြောင်းလာသည်နှင့်အမျှ အချို့လူနာများ၏အခြေအနေ ဆိုးဝါးလာနိုင်ကြောင်း Rochelle Walenskyက ဆိုသည်။

အမေရိကန်နိုင်ငံတွင် ဒီဇင်ဘာ ၁ ရက်မှစပြီး ပထမဆုံး ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲ အိုမီခရွန် ကူးစက်လူနာ တွေ့ရှိခဲ့သည်။ CDC၏ ကိန်းဂဏန်းများအရ ဒီဇင်ဘာ ၈ ရက် ညနေပိုင်းအထိ အမေရိကန်ရှိ ပြည်နယ် ၁၉ ခုတွင် အိုမီခရွန် ဗိုင်းရပ်စ်ကူးစက်လူနာ ၄၃ ဦး ရှိရာ သုံးပုံတစ်ပုံ မှာ ပြည်ပခရီးသွားရာဇဝင် ရှိကြောင်း ၊၎င်းတို့အနက် ကူးစက်သူအများစုမှာ လူငယ်များဖြစ်ပြီး အစောဆုံးရောဂါလက္ခဏပြသည့်အချိန်မှာ နိုဝင်ဘာ ၁၅ ရက်က ဖြစ်ကြောင်း သိရသည်။
Rochelle Walenskyက အထက်ပါ လူနာများတွင် လေးပုံသုံးပုံကျော်က ကိုဗစ်ကာကွယ်ဆေးထိုးနှံထားပြီး သုံးပုံတစ်ပုံက အားဖြည့်ကာကွယ်ဆေးထိုးနှံထားကြောင်း ဆိုသည်။

CDCအနေဖြင့် အိုမီခရွန် ဗိုင်းရပ်စ်မျိုးကွဲသည် အမေရိကန်နိုင်ငံ ကပ်ရောဂါအခြေအနေပေါ်သက်ရောက်မှုအား ကြိုတင်ခန့်မှန်းစမ်းသပ်ထားခြင်း မရှိကြောင်းသိရသည်။ ရရှိသည့်ကိန်းဂဏန်းများမှာ အလွန်အကန့်အသတ်ရှိရာ CDCအနေဖြင့် ပို၍ အသေးစိတ်လေ့လာစစ်ဆေးမှုများ ပြုလုပ်နေကြောင်း Rochelle Walensky က ဆိုသည်။ (Xinhua)

—————————————————-
(English Version)

美疾控中心:美奥密克戎毒株感染症状迄今基本轻微

新华社纽约12月8日电 美国疾病控制和预防中心主任萝谢尔•瓦伦斯基8日表示,美国迄今发现40多例变异新冠病毒奥密克戎毒株感染病例,几乎所有病例的感染症状均为轻微程度。

2021年12月2日,在美国纽约,一名男子从一座大楼内的“必须戴口罩”提示牌旁走过。新华社记者王迎摄
瓦伦斯基对媒体说,迄今在美国看到的几乎所有奥密克戎毒株感染病例的症状都是轻微的,主要是咳嗽、鼻塞和疲劳。只有1名感染者住院,没有死亡病例报告。

瓦伦斯基指出,这些都是美国奥密克戎毒株感染病例的早期数据,随着时间推移,一些病例的症状可能会变严重。
美国于12月1日报告本国首例奥密克戎毒株感染病例。美疾控中心数据显示,截至8日下午,美国共有19个州报告43例奥密克戎毒株感染病例,约三分之一感染者有国际旅行史;这些病例中的感染者大多为年轻人,其最早出现症状是在11月15日。

瓦伦斯基说,在上述病例中,超过四分之三的感染者接种过新冠疫苗,三分之一的感染者打了疫苗加强针。
美疾控中心尚未对奥密克戎毒株对美国疫情的影响作出预测。瓦伦斯基说,数据非常有限,该机构正进行更详细的分析。