Connect with us

Europe

UAE က ပြင်သစ်နိုင်ငံထံမှ ယူရို ၁၄ ဘီလီယံတန်ဖိုးရှိသော Rafale တိုက်လေယာဉ် အစင်း ၈၀ မှာယူ

ပေကျင်း၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ)

အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) သည် ပြင်သစ်နိုင်ငံမှ Rafale တိုက်လေယာဉ် အစင်း ၈၀ ဝယ်ယူမည့် မှာယူမှုစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း UAE တာဝန်ရှိသူများက ဒီဇင်ဘာ ၃ ရက်တွင် အတည်ပြုခဲ့ကြောင်း သိရသည်။ အဆိုပါ စာချုပ်သည် တန်ဖိုးအားဖြင့် စံချိန်တင် ပမာဏ ယူရို ၁၄ ဘီလီယံအထိ ရောက်ရှိခဲ့ကြောင်းနှင့် ၎င်းမှာ ယနေ့အထိ ၎င်းတိုက်လေယာဉ်အတွက် နိုင်ငံတကာ မှာယူမှု အများဆုံးဖြစ်ကြောင်း AFP က သတင်းဖော်ပြထားသည်။ပြင်သစ်နိုင်ငံ သမ္မတ မက်ခရွန်သည် UAE သို့ လာရောက်လည်ပတ်ပြီး ဒီဇင်ဘာ ၃ ရက်က အာရပ်စော်ဘွားများ ပြည်ထောင်စု Abu Dhabi ၏ အိမ်ရှေ့မင်းသား Mohammed bin Zayed Al Nahyan နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြင်သစ်နိုင်ငံ ပါရီမြို့အနီးရှိ Le Bourget လေဆိပ်တွင် ၂၀၁၇ ခုနှစ် ဇွန်လ ၁၉ ရက်က Rafale တိုက်လေယာဉ်များ သရုပ်ပြပျံသန်းနေစဉ် (ဆင်ဟွာ)

ပြင်သစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီး Florence Pali က အဆိုပါစာချုပ်သည် “သမိုင်းဝင်စာချုပ်” ဖြစ်ကြောင်းနှင့် ၎င်းသည် ပြင်သစ်နိုင်ငံ၏ အကြီးမားဆုံးသော လက်နက်တင်ပို့ခြင်းမှာယူမှု ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Rafale တိုက်လေယာဉ်အား ပြင်သစ်နိုင်ငံ Dassault လေယာဉ်ထုတ်လုပ်ရေး ကုမ္ပဏီမှ ထုတ်လုပ်ခဲ့ပြီး ၂၀၀၄ ခုနှစ်တွင် တပ်တော်ဝင်ခဲ့ကြောင်း၊ UAE မှ မှာယူသော Rafale တိုက်လေယာဉ်သည် အဆင့်မြှင့်တင်ထားသော F4 အမျိုးအစားဖြစ်ပြီး လက်ရှိတွင် ထုတ်လုပ်နေဆဲဖြစ်ကြောင်း နှင့် ၂၀၂၇ ခုနှစ်တွင် လွှဲပြောင်းပေးအပ်ရန် စီစဉ်ထားကြောင်း သိရသည်။ UAE သည် ပြင်သစ်အပြင် F4 Rafale တိုက်လေယာဉ်ကို ပထမဆုံးအသုံးပြုသူ ဖြစ်မည်ဟု Dassault မှ ပြောကြားခဲ့သည်။

ထို F4 Rafale တိုက်လေယာဉ် အစင်း ၈၀ သည် UAE ၏ ၁၉၉၈ ခုနှစ်တွင်ဝယ်ယူခဲ့သော “Phantom” 2000-9 တိုက်လေယာဉ် အစင်း ၆၀ ကို အစားထိုးမည်ဖြစ်ကြောင်း၊ “Phantom” တိုက်လေယာဉ်စီးရီးသည်လည်း Dassault မှထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

UAE သည် ပြင်သစ်မှ “Rafale” တိုက်လေယာဉ်များမှာယူသည့်အပြင် “Caracles” စစ်ရဟတ်ယာဉ် ၁၂ စီး ကိုလည်း မှာယူထားကြောင်း သိရသည်။

UAE သည် ပြင်သစ်ကာကွယ်ရေးစက်မှုလုပ်ငန်း၏ ပဉ္စမမြောက်အကြီးဆုံးဝယ်ယူသူဖြစ်ကြောင်း၊ ၂၀၁၁ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ စုစုပေါင်းဝယ်ယူမှုပမာဏသည် ယူရို ၄ ဒသမ ၇ ဘီလီယံရှိကြောင်း၊ ကာတာ၊ အိန္ဒိယ၊ အီဂျစ်၊ ဂရိနှင့် ခရိုအေးရှားနိုင်ငံ ၅ နိုင်ငံမှလည်း Rafale တိုက်လေယာဉ်များကို ဝယ်ယူခဲ့ကြောင်း လွှတ်တော်အစီရင်ခံစာတစ်စောင်ကို ကိုးကား၍ AFP မှ သတင်းဖော်ပြထားသည်။

အေပီသတင်းအေဂျင်စီ၏ အဆိုအရ ပြင်သစ်နိုင်ငံသည် UAE နှင့် အမြဲနီးကပ်သော ဆက်ဆံရေးရှိကြောင်း၊ UAE သည် ၂၀၀၉ ခုနှစ်တွင် အဘူဒါဘီရှိ Zayed ဆိပ်ကမ်းတွင် ပြင်သစ်ရေတပ်အခြေစိုက်စခန်းတစ်ခုကို ဖွင့်လှစ်ပေးခဲ့ကြောင်း၊ ပြင်သစ်တိုက်လေယာဉ်များနှင့် အမှုထမ်းများသည်လည်း UAE ၏ Dhafra လေတပ်အခြေစိုက်စခန်းတွင် စခန်းချထားကြောင်း၊ ထိုဒေသတွင် ထောင်ပေါင်းများစွာသော အမေရိကန်တပ်သားများလည်း တပ်စွဲထားကြောင်း သိရသည်။

ယခုဝယ်ယူခြင်းမှာယူမှုသည် ပင်လယ်ကွေ့ဒေသရှိ UAE ၏ စစ်အင်အားကို ပိုမိုတိုးတက်ကောင်းမွန်လာစေမည့် သင်္ကေတတစ်ခုဖြစ်ကြောင်း အေပီသတင်းအေဂျင်စီက ထုတ်ဖော်ရေးသားထားသည်။ Jane’s Information Group မှ အကြီးတန်း သုံးသပ်သူ Charles Forest က အဆိုပါ တိုက်လေယာဉ်များသည် UAE ၏ လေကြောင်းတိုက်ခိုက်မှု၊ ဝေဟင်မှ ဝေဟင်ပစ် တိုက်ခိုက်ရေးနှင့် ကင်းထောက်ခြင်းကဏ္ဍများတွင် သိသိသာသာ အင်အားတိုးမြှင့်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

…………………………………………
(Chinese Version)

140亿欧元!阿联酋向法国购买80架“阵风”战斗机

2021-12-04 10:09:15 分类: 社会
新华社北京12月4日电 阿拉伯联合酋长国官员3日证实,已与法国方面签署军购订单,将向法方购买80架“阵风”战斗机。法新社报道,合同金额达到创纪录的140亿欧元,是这款战斗机迄今收获的最大一笔国际订单。

法国总统埃马纽埃尔•马克龙正在阿联酋访问,3日与阿联酋阿布扎比王储穆罕默德•本•扎耶德•阿勒纳哈扬举行会谈。
随行的法国国防部长弗洛朗丝•帕利说,这是一份“历史性合同”。法国国防部说,这是法国最大一笔武器出口订单。
“阵风”战斗机由法国达索飞机制造公司制造,2004年首次服役。阿联酋订购的“阵风”战斗机为升级版F4型,眼下仍处在研发阶段,预计2027年开始交付。达索公司说,阿联酋将成为法国以外首个F4型“阵风”战斗机用户。

这80架F4型“阵风”战斗机将替换阿联酋1998年购买的60架“幻影”2000-9型战斗机。“幻影”系列战机同样出自达索公司之手。
除“阵风”战斗机订单,阿联酋还向法国订购12架“狞猫”军用直升机。
法新社援引一份国会报告报道,阿联酋是法国防务工业第五大买家,2011年至2020年累计消费47亿欧元。卡塔尔、印度、埃及、希腊和克罗地亚等5国也购买了“阵风”战斗机。

据美联社报道,法国向来与阿联酋关系密切。阿联酋2009年在阿布扎比扎耶德港口为法国海军开辟一处基地,法国战斗机和人员还驻扎在阿联酋宰夫拉空军基地,那里也驻扎着数千名美军士兵。

美联社解读,最新采购订单标志着阿联酋在海湾地区军事实力极大提升。简氏信息集团高级分析师查尔斯•福里斯特说,这些战机“将显著提升阿联酋在空袭、空对空作战和侦察领域的实力”。(刘秀玲)

图说1-这是2016年1月13日在波斯湾拍摄的“阵风”战斗机从法国戴高乐号航空母舰上起飞的资料照片。(新华社/美联)
图说2- 2017年6月19日,在法国巴黎近郊的布尔歇机场,达索公司的“阵风”战斗机参加飞行展示。(新华社记者陈益宸摄)