Connect with us

Africa & Middle East

ကဘူးလ် လေဆိပ်မှ စီးပွားရေးလုပ်ငန်းသုံး လေကြောင်းခရီးစဉ်များ ပယ်ဖျက်

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်တွင် တာလီဘန် တိုက်ခိုက်ရေးသမားများအား ဩဂုတ် ၁၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Str/Xinhua)

ကဘူးလ်၊ ဩဂုတ် ၁၇ ရက် (ဆင်ဟွာ)

ကဘူးလ်လေဆိပ်မှ စီးပွားရေးလုပ်ငန်းသုံး လေကြောင်းခရီးစဉ်များအားလုံး ပယ်ဖျက်လိုက်ကြောင်း အာဖဂန်နစ္စတန်နိုင်ငံ မြို့ပြလေကြောင်းအာဏာပိုင်က ဩဂုတ် ၁၆ ရက် ထုတ်ပြန်ချက်၌ ပြောကြားခဲ့သည်။

“ကဘူးလ်မှ လေကြောင်းခရီးစဉ်တွေအားလုံး ယာယီပယ်ဖျက်ထားကြောင်းနှင့် ခရီးသည်တွေအနေနဲ့ အကြောင်းချက်မရရှိတဲ့အချိန်အထိ လေဆိပ်ကို လာရောက်ခြင်းမပြုသင့်ကြောင်း” ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဩဂုတ် ၁၅ ရက်က တာလီဘန်လက်အောက်သို့ ကဘူးလ်မြို့ကျရောက်သွားခြင်းနှင့် စိုးရိမ်ကြောက်ရွံ့မှုများအကြား အာဖဂန်ပြည်သူ အများအပြား ရွှေ့ပြောင်းမှုများကြောင့် လေကြောင်းခရီးစဉ်များအား ပယ်ဖျက်ခြင်းဖြစ်သည်။

ပရမ်းပတာ အခြေအနေအတွင်း လေဆိပ်သို့ ခရီးသည်များ အသည်းအသန်သွားရောက်မှုများက ခိုးဆိုးလုယက်ခြင်းနှင့် အခြားပုံမှန်မဟုတ်သော အခြေအနေသို့ ဦးတည်စေနိုင်ကြောင်း ပြောကြားလျက် ပုံမှန်အခြေအနေသို့ ဆောလျင်စွာပြန်လည်ထိန်းသိမ်းနိုင်မည်ဟု မျှော်လင့်ကြောင်း မြို့ပြလေကြောင်း အာဏာပိုင်က ထုတ်ပြန်ချက်၌ ပြောကြားထားသည်။

မြို့ပြလေကြောင်းအာဏာပိုင်အနေဖြင့်လည်း လေကြောင်းခရီးစဉ်များအား ဖြစ်နိုင်သမျှမြန်မြန် ပြန်လည်ပြေးဆွဲနိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

တစ်ချိန်တည်းမှာပင် ကဘူးလ်မြို့ခံများအနေဖြင့် ၎င်းတို့၏ အသက်နှင့် အိုးအိမ်ပိုင်ဆိုင်မှုများအား ဘေးကင်းလုံခြုံမှုရှိစေမည်ဖြစ်ပြီး ၎င်းတို့၏ လုပ်ငန်းဆောင်တာများ ဆက်လက်လုပ်ဆောင်နိုင်ကြောင်း တာလီဘန်က ထုတ်ပြန်ချက်၌ ပြောကြားထားသည်။ (Xinhua)

————————————
(English Version)
Commercial flights from Kabul airport cancelled
2021-08-16 16:13:30
KABUL, Aug. 16 (Xinhua) — All commercial flights from Kabul’s airport have been cancelled, said a statement of Afghanistan’s civil aviation authority released on Monday.
“All the flights from Kabul airport have been temporarily cancelled and the passengers should not come to the airport until informed,” the statement said.
The cancellation of the flights took place in the wake of Kabul’s fall to the Taliban on Sunday and the mass migration of Afghans amid fear.
The civil aviation authority in the statement expressed hope for early restoration of normalcy, noting that the massive rushing of passengers to the airport in the chaotic situation could lead to looting and other disorderly situation.
The civil aviation authority has been trying to resume the flights as soon as possible, the statement said.
Taliban meanwhile in a statement told Kabul residents that their lives and properties are safe and they can carry on their works. Enditem

Photo : Afghan Taliban fighters are seen in Kabul, capital of Afghanistan, Aug. 16, 2021. (Str/Xinhua)