Connect with us

Africa & Middle East

ဂီနီဘစ်ဆောနိုင်ငံ၌ အာဏာသိမ်းရန် ကြိုးပမ်းမှု မအောင်မြင် ဖြစ်ပြီးနောက် လူအများအပြားကို ဖမ်းဆီး

ဘစ်ဆော ၊ ဖေဖော်ဝါရီ ၂ ရက်(ဆင်ဟွာ)

ဂီနီဘစ်ဆောနိုင်ငံ အစိုးရအိမ်တော်၌ ဖေဖော်ဝါရီ ၁ ရက် နေ့လည်ပိုင်းတွင် အာဏာသိမ်းရန် ကြိုးပမ်းမှုတစ်ခု မအောင်မြင်ဖြစ်ခဲ့ပြီးနောက် ယင်းနေ့ ညနေပိုင်းတွင် နိုင်ငံသမ္မတ Umaro Sissoco Embalo က သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့သည်။ပြည်တွင်း နှင့် နိုင်ငံတကာ သတင်းစာဆရာများ ရှေ့မှောက်တွင် သမ္မတ Umaro Sissoco Embalo က အရပ်သား နှင့် စစ်သားအများအပြားသည် အင်အားသုံး၍ အစိုးရကို ရုတ်တရက် ဖြုတ်ချရန် ကြိုးပမ်းမှုမှာ အထ မမြောက်ခဲ့ကြောင်းနှင့် ထိုသူများကို ဖမ်းဆီးထားလိုက်ပြီး ဖြစ်ကြောင်း ကြေညာခဲ့သည်။

သတင်းစာရှင်းလင်းပွဲအတွင်း သမ္မတနှင့်အတူ ဝန်ကြီးချုပ် Nuno Gomes Nabiam နှင့် အစိုးရအဖွဲ့ဝင်များက ပါဝင်ရှင်းလင်းဖြေကြားခဲ့သည်။“ဒီလုပ်ရပ်မှာ ပါဝင်တဲ့သူတွေကို လုံခြုံရေးအဖွဲ့အစည်းတွေက သိကြပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က ဂီနီဘစ်ဆောနိုင်ငံမှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုအတွက် တရားစွဲခံနေရသူတွေ ဖြစ်ပါတယ်။”ဟု သမ္မတ၏ ပြောကြားချက်အရ သိရသည်။

“ဒါက နိုင်ငံမှာ မူးယစ်မှောင်ခိုလုပ်တဲ့ ဂိုဏ်းအုပ်စုတစ်ခုက လုပ်ဆောင်တဲ့ သီးခြားလုပ်ရပ်တစ်ခု ဖြစ်ပါတယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။

သမ္မတ Umaro Sissoco Embalo က ဂီနီဘစ်ဆောနိုင်ငံ၌ မူးယစ်ဆေးဝါး ရောင်းချသူများအား ဆက်လက်တိုက်ဖျက်သွားရေးကို ထပ်မံကတိပြုခဲ့ကြောင်း သိရသည်။

သမ္မတ နှင့်တွဲဖက်၍ ဒုတိယစစ်ဦးစီးချုပ် Mamadu Nkrumam လည်း သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခဲ့ပြီး ဒုတိယစစ်ဦးစီးချုပ်၏ အထက်လူကြီး Biague Nan Tam မှာ ဆေးကုသမှုခံယူရန် နိုင်ငံပြင်ပသို့ ရောက်ရှိနေသည့်အတွက် သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ရန် ပျက်ကွက်ခဲ့ကြောင်း သိရသည်။ (Xinhua)

———————————————–
(English Version)

Several people arrested after failed coup attempt in Guinea-Bissau

BISSAU, Feb. 1 (Xinhua) — Bissau-Guinean President Umaro Sissoco Embalo held a press conference on Tuesday evening after the failed coup attempt in the afternoon at the Government Palace.
In front of national and international press, he announced that several civilians and soldiers “have already been arrested after this attempted putsch.”

During the press conference, he was accompanied by Prime Minister Nuno Gomes Nabiam and members of the government.

According to the president, “the actors in these acts are known by the security services, because they are being prosecuted for drug trafficking in Guinea-Bissau.”

“This is an isolated act carried out by a group of traffickers in the country,” he said.
He reiterated his commitment to continue fighting drug traffickers in Guinea-Bissau.

Deputy Chief of Staff Mamadu Nkrumam was present at the press conference alongside the president, in the absence of his superior Biague Nan Tam who is outside the country for medical treatment. Enditem
Photo – President Umaro Sissoco Embalo speaks during a press conference in Bissau, Guinea-Bissau, Feb. 1, 2022.

Umaro Sissoco Embalo held a press conference on Tuesday evening after the failed coup attempt in the afternoon at the Government Palace.

In front of national and international press, he announced that several civilians and soldiers “have already been arrested after this attempted putsch.” (Photo by Aliu Balde/Xinhua)