Connect with us

Asia

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း၌ ယာဉ်မတော်တဆမှုကြောင့် လူ ၁၈ ဦးသေဆုံး၊ ၃၀ ကျော်ဒဏ်ရာရရှိ

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်းရှိ Mastung ခရိုင်အနီးတွင် ပျက်စီးနေသော ခရီးသည်တင်ဘတ်စ်ကားတစ်စီးအား ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊ ဇွန် ၁၁ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်းရှိ Balochistan ပြည်နယ်၊ Khuzdar ခရိုင်၌ ခရီးသည်တင်ဘတ်စ်ကားတစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၁၈ ဦးသေဆုံးခဲ့ကာ ၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဇွန် ၁၁ ရက်နံနက်ပိုင်းတွင် ဒေသတွင်းသတင်းဌာနက ဖော်ပြခဲ့သည်။

အဆိုပါဘတ်စ်ကားသည် အရှိန်ဖြင့် ချိုးကွေ့စဉ် ယင်းယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပြည်နယ် ဥပဒေစိုးမိုးရေးအဖွဲ့၏ အရန်တပ်ဖွဲ့ဝင်များက ပြောကြားခဲ့သည်။

သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရရှိသူများအား Khuzdar ခရိုင်ရှိ ဒေသဆေးရုံတစ်ခုသို့ ပို့ဆောင်ပေးခဲ့ပြီး ဒဏ်ရာရရှိသူများအနက် ၆ ဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင်ရှိကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

အဆိုပါခရီးသည်တင်ဘတ်စ်ကားသည် ပါကစ္စတန်နိုင်ငံတောင်ပိုင်း Sindh ပြည်နယ်၏ Larkana ခရိုင်မှ Khuzdar ခရိုင်သို့ အသွားတွင် မတော်တဆမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဥပဒေစိုးမိုးရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ပါကစ္စတန်နိုင်ငံတွင် လမ်းများဆိုးရွားခြင်း၊ ယာဥ်ပြုပြင်ထိန်းသိမ်းမှုအားနည်းခြင်းနှင့် ယာဉ်မောင်းနှင်မှု မကျွမ်းကျင်ခြင်းတို့ကြောင့် ယာဉ်မတော်တဆမှုများ မကြာခဏဖြစ်ပွားလေ့ရှိကြောင်း သိရသည်။ (Xinhua)

———————————–
(English Version)
18 killed, over 30 injured in road accident in SW Pakistan
ISLAMABAD, June 11 (Xinhua) — At least 18 people were killed and over 30 others injured when a passenger bus overturned in Khuzdar district of Pakistan’s southwest Balochistan province, local media reported Friday morning.
The accident occurred when the bus was taking a sharp turn with high speed, paramilitary troops in the province Levies said.
According to the reports, the victims have been shifted to a local hospital in Khuzdar and among the injured, six people are in critical condition.
The passenger bus was on its way to Khuzdar from Larkana district of Pakistan’s southern Sindh province, a Levies official said.
Road accidents are quite frequent in Pakistan mainly due to poor roads, badly maintained vehicles and unprofessional driving. Enditem
Photo taken with mobile phone shows a damaged passenger bus near southwest Pakistan’s Mastung, on Feb. 11, 2018.(Xinhua/Stringer)