Connect with us

ASEAN

မောလ်ဒိုဗာနိုင်ငံ ဝန်ကြီးချုပ်တွင် COVID-19 ရောဂါပိုးကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိ

ဘူချာရက်၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ)

မောလ်ဒိုဗာနိုင်ငံ ဝန်ကြီးချုပ် Natalia Gavrilita က ၎င်းတွင် COVID-19 ရောဂါပိုး ကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိကြောင်း ဖေဖော်ဝါရီ ၁ ရက်နှောင်းပိုင်းတွင်ပြောကြားခဲ့သည်။“ဒီနေ့ကျွန်မအနေနဲ့ PCR စစ်ဆေးမှုလုပ်တဲ့အခါ SARS-CoV-2 ဗိုင်းရပ်စ် ကူးစက်ခံထားရတာကို တွေ့ရှိခဲ့ရပါတယ်’’ ဟု သူ(မ)၏ ဆိုရှယ်မီဒိယာအကောင့်တွင်ရေးသားခဲ့ပြီး ၎င်းအနေဖြင့် လာမည့်ရက်အနည်းငယ်ကို အိမ်မှာနေရင်း အွန်လိုင်းမှတဆင့် အလုပ်လုပ်သွားမည်ဖြစ်ကြောင်း ဖြည့်စွက်ရေးသားထားသည်။

လွန်ခဲ့သော ၂၄ နာရီအတွင်း နိုင်ငံ၌ ဓာတ်ခွဲနမူနာပေါင်း ၁၃,၉၈၈ ခုကို စစ်ဆေးခဲ့ရာတွင် အတည်ပြုလူနာပေါင်း ၄,၃၄၈ ဦး တွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။ လူဦးရေ ၃.၅သန်း ရှိသော မောလ်ဒိုဗာနိုင်ငံ နိုင်ငံ၌ ဗိုင်းရပ်စ်ကူးစက်ခံရသူစုစုပေါင်း ၄၄၅,၀၄၆ ဦး ရှိကြောင်း သိရသည်။ (Xinhua)

———————————————–
(English Version)

Moldova PM tests positive for COVID-19

BUCHAREST, Feb. 1 (Xinhua) — Moldova’s Prime Minister Natalia Gavrilita said late Tuesday that she was tested positive for COVID-19.

“Today I performed a PCR test for the detection of SARS-CoV-2 virus, which turned out to be positive,” she wrote in her social media account, adding that she will work at home, online, in the next few days.

In the last 24 hours, 4,348 cases were confirmed after testing 13,988 samples in the country, according to the Health Ministry. The confirmed infections have totaled 445,046 in the 3.5-million-population country. Enditem