Connect with us

Asia

သီရိလင်္ကာ ကူးတို့လှေ တိမ်းမှောက်မှုကြောင့် လူ ၆ ဦး သေဆုံးကာ ၁၁ ဦး ဒဏ်ရာရရှိ

၂၀၂၀ပြည့်နှစ် စက်တင်ဘာ ၈ ရက်တွင် သီရိလင်္ကာနိုင်ငံ၏ အရှေ့ဘက်ကမ်းရိုးတန်းအနီး ပင်လယ်ပြင်၌ မီးလောင်နေသော MT New Diamond ရေနံတင်သင်္ဘောအား မီးသတ်လှေများများဖြင့် ငြှိမ်းသတ်နေမှုအား တွေ့ရစဉ် (ဓာတ်ပုံ-- Sri Lanka Air Force Media/Handout via Xinhua)

ကိုလံဘို၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံ အရှေ့ပိုင်း၌ နိုဝင်ဘာ ၂၃ ရက် နံနက်ပိုင်းက ခရီးသွားလာနေသည့် ကူးတို့လှေတစ်စီး တိမ်းမှောက်မှုကြောင့် ကျောင်းသားလေးဦး အပါအဝင် လူခြောက်ဦး သေဆုံးပြီး အခြားလူ ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

Trincomalee ခရိုင်အတွင်းရှိ Kinniya မြို့၌ နစ်မြုပ်သွားသော ကူးတို့လှေတွင် ကျောင်းနေကလေး အများအပြား လိုက်ပါလာကြောင်း၊ ရေတပ်မှ ရေငုပ်သမားများက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများချက်ချင်းဆောင်ရွက်ရန် အခင်းဖြစ်နေရာတွင် ရှိနေကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

လူအုပ်ကြီးသည် အခင်းဖြစ်နေရာ၌ စုဝေးရောက်ရှိနေကြပြီး ပျောက်ဆုံးနေသူများကို ရှာဖွေရာတွင် ဒေသခံစေတနာ့ဝန်ထမ်းအချို့လည်း ရေတပ်ကို ကူညီဆောင်ရွက်ပေးနေကြောင်း မျက်မြင်သက်သေများက ဆင်ဟွာသို့ ပြောကြားခဲ့သည်။

အချို့သော ကျောင်းနေကလေးများသည်လည်း ပျောက်ဆုံးသူများစာရင်းတွင် ပါဝင်နေကြောင်း သိရသည်။ ဒဏ်ရာရရှိသူ ၁၁ ဦးကို အနီးနားရှိ ပြည်နယ်ဆေးရုံများသို့ ပို့ဆောင်ထားကြောင်း သိရသည်။

၎င်းကူးတို့လှေသည် မတန်တဆ ဝန်တင်ဆောင်လာသောကြောင့် တိမ်းမှောက်ရခြင်းဖြစ်ကြောင်း ရဲကဆိုသည်။ ရဲတပ်ဖွဲ့က အခင်းဖြစ်နေရာအား ပိတ်ဆို့ထားကြောင်း သိရသည်။ (Xinhua)

……………………………………….
(English Version)
6 killed, 11 injured in Sri Lanka’s ferry overturn
COLOMBO, Nov. 23 (Xinhua) — Six people, including four school children, were killed and 11 others injured when a ferry they were travelling in capsized in east Sri Lanka on Tuesday morning, police said.
The police said several school children were on board the ferry when it capsized in Kinniya, Trincomalee and navy divers were on ground conducting an immediate search and rescue mission.
Eyewitnesses told Xinhua that a large crowd had gathered in the area and some local volunteers were also assisting the navy in search for the missing people.
Some school children are also among those listed as missing. The 11 injured people have been admitted to nearby state hospitals.
The police said that the ferry capsized due to overloading. The police have cordoned off the area. Enditem
Photo- Fireboats extinguish fire of the MT New Diamond oil tanker in the seas off Sri Lanka’s eastern coast, on Sept. 8, 2020.(Sri Lanka Air Force Media/Handout via Xinhua)