Connect with us

Asia

အိန္ဒိယနိုင်ငံ မြောက်ပိုင်းတွင် ဇီကာဗိုင်းရပ်စ်ဖြစ်ပွားမှု တွေ့ရှိ

ဇီကာဗိုင်းရပ်စ် သယ်ဆောင်ထားသော Aedes Aegypti ခြင်တစ်ကောင်အား တွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မြောက်ပိုင်း အက်တာပရာဒတ်ရှ်ပြည်နယ်တွင် အောက်တိုဘာ ၂၄ ရက်က ဇီကာဗိုင်းရပ်စ်ဖြစ်ပွားမှုအသစ် တွေ့ရှိခဲ့ကြောင်း Press Trust of India (PTI) သတင်း၌ ဖော်ပြထားသည်။

အဆိုပါ လူနာသည် အက်တာပရာဒတ်ရှ်ပြည်နယ် ကန်ပါခရိုင်ရှိ အိန္ဒိယလေတပ် အရာရှိတစ်ဦးဖြစ်ကြောင်း သိရသည်။

၎င်းလူနာတွင် ထူးခြားသောရောဂါလက္ခဏာတွေ့ရှိပြီးနောက် ၎င်း၏ သွေးနမူနာအား ယူဆောင်ကာ နိုင်ငံ အနောက်တောင်ပိုင်း ပီယွန်မြို့ရှိ အမျိုးသား ရောဂါပိုးမွှားဗေဒအင်စတီကျု (NIV) ထံ ပို့ဆောင်စစ်ဆေးခဲ့ကြောင်း သတင်း၌ ဖော်ပြထားသည်။

အဆိုပါ လူနာသည် ရက်ပေါင်းများစွာကြာ ဖျားနာဝေဒနာခံစားခဲ့ရကြောင်း အဆင့်မြင့်ကျန်းမာရေးအရာရှိ တစ်ဦး၏ ပြောကြားချက်အားကိုးကား၍ သတင်းက ရေးသားထားသည်။

ရောဂါတွေ့ရှိပြီးနောက် ၎င်းလူနာနှင့် ထိတွေ့မှုရှိသူ ၂၀ ဦး၏ နမူနာများကို စစ်ဆေးရန် NIV သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံတွင် ယခင်က ဇီကာဗိုင်းရပ်စ်ဖြစ်ပွားသည့်သမိုင်းကြောင်းရှိခဲ့ပြီး အဓိကအားဖြင့် နိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ်တွင်ဖြစ်ကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
Zika virus case reported in northern India
Source: Xinhua| 2021-10-24 23:52:13|Editor: huaxia
NEW DELHI, Oct. 24 (Xinhua) — A new Zika virus case was detected in India’s northern state of Uttar Pradesh on Sunday, said a Press Trust of India (PTI) report.
The patient is reportedly an Indian Air Force (IAF) officer in Uttar Pradesh’s Kanpur district.
After the patient began showing mysterious symptoms, his blood samples were collected and sent to the National Institute of Virology (NIV) situated in the southwestern city of Pune, said the media report.
The report quoted a senior medical officer as saying that the patient had been suffering from fever for the past many days.
After the detection of the case, samples of more than 20 people who came into contact with the patient have been sent to NIV for examination.
India has had a history of Zika virus outbreak in the past, mainly in the southern state of Kerala. Enditem
File photo shows a person pointing at an image of Aedes Aegypti mosquito, carrier of the Zika virus, on a laptop screen, in Santiago, capital of Chile, on April 18, 2016.(Xinhua/Jorge Villegas)