Connect with us

Asia

RCEP အား အပြည့်အဝ၊ ထိထိရောက်ရောက် အကောင်အထည်ဖော်ရန် ကတိကဝတ်ကို အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ ထပ်လောင်းပြောကြား

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် ဖေဖော်ဝါရီ ၁၇ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn တက်ရောက်နေစဉ် (ဆင်ဟွာ)

ဖနွမ်းပင်၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ)

အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ၏ နိုင်ငံခြားရေးဝန်ကြီးများသည် ဇန်နဝါရီ ၁ ရက်က စတင်အသက်ဝင်ခဲ့သော ဒေသတွင်း ဘက်စုံစီးပွားရေးမိတ်ဖက်ဆက်ဆံမှု (RCEP) ကုန်သွယ်ရေးသဘောတူညီချက်အား အပြည့်အဝ ထိရောက်စွာ အကောင်အထည်ဖော်ရေးအတွက် ၎င်းတို့၏ ကတိကဝတ်အား ဖေဖော်ဝါရီ ၁၇ ရက်တွင် ထပ်လောင်းအတည်ပြုခဲ့ကြကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn က ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် ဖေဖော်ဝါရီ ၁၇ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn စကားပြောကြားနေစဉ် (ဆင်ဟွာ)

၎င်းတို့က အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး သို့မဟုတ် နှစ်မျိုးစပ်ပုံစံဖြင့် ပြုလုပ်သော AMM Retreat အတွင်း ထိုသို့ ကတိပြုခဲ့ကြခြင်း ဖြစ်သည်။

Sokhonn က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သော အဆိုပါ အစည်းအဝေးသို့ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့် လာအို နိုင်ငံများမှ နိုင်ငံခြားရေး ၀န်ကြီးများက လူကိုယ်တိုင်တက်ရောက်ခဲ့ကြပြီး ဘရူနိုင်း၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ နိုင်ငံခြားရေး ၀န်ကြီးများက အွန်လိုင်းမှ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှာမူ နိုင်ငံရေးကိုယ်စားမပြုသော ကိုယ်စားလှယ်ကို လည်း စေလွှတ်ခဲ့ခြင်းမရှိပေ။

ဝန်ကြီးများက ၂၀၂၅ ခုနှစ် အာဆီယံ စီးပွားရေးအသိုက်အဝန်း စီမံကိန်း၌ ဖော်ပြထားသည့်အတိုင်း အာဆီယံစီးပွားရေးပေါင်းစည်းမှု နှင့် ဒေသတွင်း ယှဉ်ပြိုင်မှု၊ ကွန်ရက်ချိတ်ဆက်မှုနှင့် ကြံ့ကြံ့ခံမှု မြှင့်တင်ရန် အာဆီယံအတွင်း ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ထောက်ပံ့ရေးကွင်းဆက်ချိတ်ဆက်မှုတို့ အားကောင်းခြင်း၏ အရေးပါမှုအကြောင်း ထပ်လောင်းအတည်ပြုခဲ့သည်ဟု Sokhonn က အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“ဒီမှတ်ချက်အရ ဒေသတွင်း ဘက်စုံစီးပွားရေးမိတ်ဖက်ဆက်ဆံမှု သဘောတူညီချက်ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ပထမဆုံးရက်မှာ အသက်ဝင်အကောင်အထည်ပေါ်လာဖို့ ကျွန်တော့်လုပ်ဖော်ဆောင်ဖက်များနဲ့ ကျွန်တော်က တွန်းအားပေးလုပ်ဆောင်ခဲ့တာဖြစ်ပြီး သဘောတူညီချက်ကို အပြည့်အဝ ထိထိရောက်ရောက် အကောင်အထည်ဖော်ပြီး ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ကမ္ဘာ့ထောက်ပံ့ကွင်းဆက်များအတွက် အာဆီယံရဲ့ ဆွဲဆောင်မှု မြှင့်တင်ပေးဖို့ ထပ်လောင်းကတိပြုခဲ့ကြပါတယ်” ဟု ၎င်းက ဆိုသည်။

RCEP သည် အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံ (ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်) နှင့် ၎င်းတို့၏ အဓိက ကုန်သွယ်မှု မိတ်ဖက် ၅ နိုင်ငံဖြစ်သော တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေးလျ တို့ကြား ကြီးမားသော ကုန်သွယ်ရေးသဘောတူညီချက်တစ်ခု ဖြစ်သည်။

အဆိုပါ သဘောတူစာချုပ်သည် ကမ္ဘာ့လူဦးရေ၏ ၃၀ ရာခိုင်နှုန်းခန့်ကို လွှမ်းခြုံထားပြီး ကမ္ဘာလုံးဆိုင်ရာ ပြည်တွင်းအသားတင်ထုတ်ကုန်တန်ဖိုး၏ ၃၀ ရာခိုင်နှုန်းခန့်ရှိကြောင်း သိရသည်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများသည် RCEP ကိစ္စအပြင် ကပ်ရောဂါလွန်ကာလတွင် ဒေသတွင်းစီးပွားရေး ပြန်လည်မြှင့်တင်ရန် နည်းလမ်းများကိုလည်း ဆွေးနွေးခဲ့ကြကြောင်း Sokhonn က ဆိုသည်။

“ဒေသတွင်းအနေနဲ့ COVID-19 ကပ်ရောဂါမှ ပြန်လည်နာလန်ထူရေး အဆင်ပြေချောမွေ့စေဖို့က အာဆီယံ ဘက်စုံပြန်လည်နာလန်ထူရေးမူဘောင်ကို အပြည့်အဝ ထိရောက်စွာ အကောင်အထည်ဖော်ဖို့အရေးကြီးတဲ့အကြောင်း ကျွန်တော်တို့ အလေးထားပြောခဲ့ကြတယ်”

ဝန်ကြီးများသည် အာဆီယံ COVID-19 ရောဂါတုန့်ပြန်ရေးရန်ပုံငွေ လုပ်ငန်းလည်ပတ်ဆောင်ရွက်မှုအပေါ် မှတ်ချက်ပြုခဲ့ကြပြီး အာဆီယံ ခရီးသွားစင်္ကြံအစီအစဉ်ကို အချိန်မီ အကောင်အထည်ဖော်ခြင်းဖြင့် နယ်စပ်ဖြတ်ကျော် ကူးလူးသွားလာမှုများကို လွယ်ကူချောမွေ့စေကြောင်းနှင့် အဖွဲ့ဝင်နိုင်ငံများအကြား စီးပွားရေးဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုများကိုလည်း မြှင့်တင်နိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထို့ပြင် ဝန်ကြီးများသည် ဒေသတွင်းနှင့် နိုင်ငံတကာ ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်းနှင့် ဒေသတွင်း ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် ကြွယ်ဝချမ်းသာရေး မြှင့်တင်မှုအတွက် ပွင့်လင်းမြင်သာမှု၊ စည်းမျဉ်းများအခြေခံ၍ အားလုံးပါဝင်သော နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုရှိရန် ဝေမျှထားခဲ့သည့် ကတိကဝတ်များကို ထပ်မံအတည်ပြုခဲ့ကြောင်း Sokhonn ၏ ပြောကြားချက်အရ သိရသည်။

“အဆုံးသတ်ပြောရရင် အာဆီယံကို ဗဟိုပြုထားခြင်းဖြင့် ဒေသတွင်း ဗိသုကာအားကောင်းလာစေဖို့ အပြန်အလှန်ယုံကြည်မှုနဲ့ စိတ်ချရမှာ တည်ဆောက်ရန် အာဆီယံဦးဆောင်သော လုပ်ထုံးလုပ်နည်းမှတစ်ဆင့် အာဆီယံရဲ့ ပြင်ပမိတ်ဖက်နိုင်ငံတွေနဲ့ စေ့စပ်ညှိနှိုင်းရာမှာ အာဆီယံ ဗဟိုပြုမှုနဲ့ စည်းလုံးညီညွတ်မှု အားကောင်းခြင်းရဲ့ အရေးပါမှုအပေါ် တူညီတဲ့အမြင်တွေရှိခဲ့ကြပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
…………………………………………
(English Version)
ASEAN foreign ministers reiterate commitment to ensure full, effective implementation of RCEP agreement
Source: Xinhua
Editor: huaxia
2022-02-17 19:48:01
PHNOM PENH, Feb. 17 (Xinhua) — Foreign ministers of the Association of Southeast Asian Nations (ASEAN) on Thursday reiterated their commitment to ensure the full and effective implementation of the trade agreement Regional Comprehensive Economic Partnership (RCEP), which took effect on Jan. 1, Cambodian Foreign Minister Prak Sokhonn said.
They made the pledge during the ASEAN foreign ministers meeting or AMM Retreat, which was held here in a hybrid format.
Chaired by Sokhonn, the meeting was attended in person by foreign ministers of Indonesia, Malaysia, the Philippines, Singapore and Laos, and online by foreign ministers of Brunei, Thailand and Vietnam, while Myanmar did not designate a non-political representative for it.
Speaking at a press conference after the meeting, Sokhonn said the ministers reaffirmed the importance of strengthening ASEAN economic integration and the intra-ASEAN trade, investment and supply chain connectivity to enhance the region’s competitiveness, connectedness and resilience as outlined in the ASEAN Economic Community Blueprint 2025.
“On this note, my colleagues and I were encouraged by the entry into force of the Regional Comprehensive Economic Partnership agreement on the first of January 2022 and reiterated our commitment to ensure full and effective implementation of the agreement to enhance ASEAN’s attractiveness for trade, investment and global supply chains,” he said.
RCEP is a mega trade agreement between 10 ASEAN member states (Brunei, Cambodia, Indonesia, Laos, Malaysia, Myanmar, the Philippines, Singapore, Thailand and Vietnam) and its five major trade partners of China, Japan, South Korea, Australia and New Zealand.
The pact covers about 30 percent of the world’s population, accounts for about 30 percent of global gross domestic product.
Apart from RCEP, the ASEAN foreign ministers also discussed ways to boost regional economy in the post-pandemic era, Sokhonn said.
“To facilitate the region’s recovery from the COVID-19 pandemic, we emphasized the importance of full and effective implementation of the ASEAN Comprehensive Recovery Framework,” he said.
He said the ministers also commended the operationalization of the COVID-19 ASEAN Response Fund and stressed that timely implementation of the ASEAN Travel Corridor Arrangement Framework would facilitate cross-border movements and raise economic activities among the member states.
According to Sokhonn, the ministers exchanged views on regional and international issues and reaffirmed their shared commitment to open, rules-based and inclusive multilateralism for the promotion of sustainable peace, security, stability and prosperity within and beyond the region.
“To this end, we were also on the same view of the importance of strengthening ASEAN’s centrality and unity in our engagement with ASEAN’s external partners through ASEAN-led mechanism to build mutual trust and confidence as well as to reinforce regional architecture with ASEAN at its center,” he said. ■
Photo 1 : Cambodian Foreign Minister Prak Sokhonn attends a press conference in Phnom Penh, Cambodia, Feb. 17, 2022. (Photo by Sovannara/Xinhua)
Photo 2 : Cambodian Foreign Minister Prak Sokhonn speaks during a press conference in Phnom Penh, Cambodia, Feb. 17, 2022. (Photo by Sovannara/Xinhua)