Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်းတွင် ငလျင်လှုပ်ခတ်မှုကြောင့် လူ ၇ ဦးသေဆုံး၊ ၈၅ ဦးဒဏ်ရာရ

အင်ဒိုနီးရှားနိုင်ငံ အနောက်ဆူမတြားပြည်နယ် Pasaman Barat ခရိုင်၊ Talamau ကျေးရွာတွင် ငလျင်လှုပ်ခတ်ပြီးနောက် ပျက်စီးနေသောနေအိမ်အား ဖေဖော်ဝါရီ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျကာတာ၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်းရှိ အနောက်ဆူမတြားပြည်နယ်တွင် ဖေဖော်ဝါရီ ၂၅ ရက်က အဆောက်အအုံ၊ နေအိမ်များနှင့် အခြေခံအဆောက်အအုံ ၁၀,၀၀၀ ကျော် ပျက်စီးသွားခဲ့သည့် အင်အား ၆.၁ ပမာဏရှိသော ငလျင်လှုပ်ခတ်မှုကြောင့် လူ ၇ ဦးသေဆုံးပြီး အခြားသူ ၈၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ အနောက်ဆူမတြားပြည်နယ် Pasaman Barat ခရိုင်၊ Talamau ကျေးရွာတွင် ငလျင်လှုပ်ခတ်ပြီးနောက် ပျက်စီးနေသောနေအိမ်အနီး အမျိုးသားတစ်ဦး မတ်တပ်ရပ်နေသည်ကို ဖေဖော်ဝါရီ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မိုးလေဝသ၊ ရာသီဥတုနှင့် ဘူမိရူပဗေဒအေဂျင်စီ (BMKG) က အဆိုပါ ငလျင်၏ ပြင်းအားကို ၆.၁ ဟု ပြင်ဆင်မသတ်မှတ်မီက အင်အား ၆.၂ ရှိကြောင်း အစောပိုင်းတွင် ထုတ်ပြန်ခဲ့ကြောင်း အေဂျင်စီ၏ အကြီးအကဲ Dwikorita Karnawati က ပြောကြားခဲ့သည်။

သေဆုံးသူများမှာ Pasaman Barat ခရိုင်မှ ၃ ဦးနှင့် Pasaman ခရိုင်မှ ၄ ဦးဖြစ်ကြောင်း၊ ဒဏ်ရာရသူ ၈၅ ဦးလုံးမှာမူ ငလျင်ဒဏ် အဆိုးဝါးဆုံး ခံစားခဲ့ရသော ယင်းခရိုင်နှစ်ခုလုံးမှ ဖြစ်ကြောင်း အမျိုးသား သဘာဝဘေး စီမံခန့်ခွဲမှုနှင့် ဘေးအန္တရာယ်လျော့ပါးရေးအေဂျင်စီ၊ ယာယီပြောရေးဆိုခွင့်ရှိသူ Abdul Muhari က ပြောကြားခဲ့သည်။

ငလျင်လှုပ်ခတ်မှုကြောင့် ပြည်သူ ၅,၀၀၀ ခန့်မှာ နေအိမ်မှ ထွက်ပြေးခဲ့ရပြီး ကယ်ဆယ်ရေးစင်တာ ၃၅ ခု၌ ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း ၎င်းက ဆိုသည်။

ငလျင်ကြောင့် ပျောက်ဆုံးနေသူများအား ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေဆဲဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များ၊ သဘာဝဘေးအန္တရာယ်အေဂျင်စီဝန်ထမ်းများ၊ စစ်သားများ၊ ကယ်ဆယ်ရေးသမားများ၊ စေတနာ့ဝန်ထမ်းများနှင့် ဒေသခံများဖြင့် ပူးတွဲလုပ်ငန်းအဖွဲ့ ဖွဲ့စည်းထားကြောင်း ပြောရေးဆိုခွင့်ရှိသူက ဖြည့်စွက်ပြောကြားခဲ့သည်။

“ပူးတွဲလုပ်ငန်းအဖွဲ့သည် ငလျင်ဒဏ်ခံရသူများအား ရှာဖွေရေး၊ ကယ်ဆယ်ရေးနှင့် ဘေးလွတ်ရာရွှေ့ပြောင်းရေးအပြင် ဝန်ဆောင်မှုများကို အာရုံစိုက်ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ထုတ်ပြန်ချက်၌ ပြောကြားထားသည်။

အမျိုးသား သဘာဝဘေးစီမံခန့်ခွဲမှုအေဂျင်စီ ဒုတိယဗိုလ်ချုပ်ကြီး Suharyanto ကလည်း ငလျင်လှုပ်ခတ်ပြီးနောက် အရေးပေါ်ကယ်ဆယ်ရေးလိုအပ်ချက်များကို ချက်ချင်းပြင်ဆင်ထားရန် ညွှန်ကြားထားကြောင်း အဆိုပါ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

ငလျင်လှုပ်ခတ်မှုများကြောင့် Pasaman district နှင့် Pasaman Barat ခရိုင်များရှိ နေအိမ်များနှင့် အဆောက်အအုံ ၁၀,၀၀၀ ကျော် ပျက်စီးသွားခဲ့ကြောင်း အနောက်ဆူမတြားပြည်နယ် သဘာဝဘေးစီမံခန့်ခွဲမှုနှင့် ဘေးအန္တရာယ်လျော့ပါးရေးအေဂျင်စီ လုပ်ငန်းလည်ပတ်ရေးယူနစ် အကြီးအကဲ Jumaidi က ဆင်ဟွာသို့ ပြောခဲ့သည်။

ယင်းငလျင်သည် ဂျကာတာစံတော်ချိန် နံနက် ၈:၃၉ နာရီတွင် Pasaman Barat ခရိုင် အရှေ့မြောက်ဘက် ၁၇ ကီလိုမီတာအား ဗဟိုပြုလျက် မြေအောက်အနက် ၁၀ ကီလိုမီတာ၌ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း BMKG က ဖော်ပြထားသည်။ (Xinhua)

………………………………………………
(English Version)
7 killed, 85 injured as strong quake hits western Indonesia
Source: Xinhua
Editor: huaxia
2022-02-25 21:02:00

JAKARTA, Feb. 25 (Xinhua) — Seven people were killed and 85 others wounded as a 6.1-magnitude quake destroyed over 10,000 buildings, houses and infrastructure facilities in Indonesia’s western province of West Sumatra on Friday, a senior official said.
Earlier the Meteorology, Climatology and Geophysics Agency (BMKG) issued a report saying the quake measured 6.2-magnitude before revising it to 6.1, the agency’s head Dwikorita Karnawati said.
Acting spokesperson of the National Disaster Management and Mitigation Agency Abdul Muhari said that three people were killed in Pasaman Barat district and four others in Pasaman district, adding that all the 85 wounded persons were recorded in both districts, which were the hardest hit by the disaster.
The natural disaster has forced about 5,000 people to flee home and take shelter at 35 evacuation centers, he said.
The search and rescue operation for the missing persons and impacted ones is still underway, involving a joint task force comprising policemen, disaster agency personnel, soldiers, rescuers, volunteers and residents, the spokesperson added.
“The joint task force still focuses on search, rescue and evacuation as well as services for the quake-affected persons,” he said in a statement.
The Head of the National Disaster Management Agency Lt. Gen. Suharyanto has ordered that emergency relief needs should be immediately prepared after the quake, according to the spokesperson.
The tremors have destroyed over 10,000 houses and buildings in Pasaman district and Pasaman Barat district, the head of the Operation Unit of the Disaster Management and Mitigation Agency of West Sumatra province, Jumaidi, told Xinhua.
The quake jolted at 8:39 a.m. Jakarta time (0139 GMT), with the epicenter at 17 km northeast of Pasaman Barat district and the shallow of 10 km under the earth, the BMKG said. ■

Photo 1 : Photo taken on Feb. 25, 2022 shows a damaged house after an earthquake at Talamau village in Pasaman Barat district, West Sumatra, Indonesia. Seven people were killed and 85 others wounded as a 6.1-magnitude quake destroyed over 10,000 buildings, houses and infrastructure facilities in Indonesia’s western province of West Sumatra on Friday, a senior official said. (Photo by Ardhy Fernando/Xinhua)
Photo 2 : A man stands near a damaged house after an earthquake at Talamau village in Pasaman Barat district, West Sumatra, Indonesia, Feb. 25, 2022. Seven people were killed and 85 others wounded as a 6.1-magnitude quake destroyed over 10,000 buildings, houses and infrastructure facilities in Indonesia’s western province of West Sumatra on Friday, a senior official said. (Photo by Ardhy Fernando/Xinhua)