Connect with us

Asia

တရုတ်နိုင်ငံက ဘင်္ဂလားဒေ့ရှ်နိုင်ငံထံ သွေးလွန်တုပ်ကွေးရောဂါ အရေးပေါ်ကူညီရေးပစ္စည်းများ ပံ့ပိုးကူညီ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနား၌ အရေးပေါ်ကူညီရေးပစ္စည်းများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ် ယောင်ဝန် (ဝဲဘက် တတိယ) က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကျန်းမာရေးနှင့် မိသားစုဘဝဖူလုံရေးလုပ်ငန်း ဝန်ကြီးဌာန Zahid Maleque (ဝဲဘက် ဒုတိယ) ထံ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၇ ရက်က လွှဲပြောင်းပေးအပ်နေစဉ် (ဆင်ဟွာ)

ဒါကာ၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက ဘင်္ဂလားဒေ့ရှ်နိုင်ငံထံ သွေးလွန်တုပ်ကွေးရောဂါ အရေးပေါ်ကူညီရေးပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို နိုဝင်ဘာ ၇ ရက်က ဒါကာမြို့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် ကောင်းခြင်း၊ ဆိုးခြင်းကို အတူတကွ မျှဝေခံစားလျက်ရှိသော မိတ်ဆွေကောင်းများဖြစ်ကြသလို တစ်နိုင်ငံနှင့် တစ်နိုင်ငံ အစဉ်အမြဲ ကူညီဖေးမလျက်ရှိသော ရင်းနှီးသည့် အိမ်နီးချင်းများဖြစ်ကြောင်း ပြောကြားလျက် အဆိုပါ အကူအညီပစ္စည်းများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ယောင်ဝန်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကျန်းမာရေးနှင့် မိသားစုဘဝဖူလုံရေးလုပ်ငန်းဝန်ကြီးဌာန ဝန်ကြီး Zahid Maleque ထံ အခမ်းအနားဖြင့် လွှဲပြောင်းပေးအပ်ခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ယခုနှစ် နိုဝင်ဘာ ၇ ရက်အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၂၈၃,၅၉၃ ဦးအနက် ၁,၄၂၅ ဦး သေဆုံးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကျန်းမာရေးဌာန အချက်အလက်များ၌ ဖော်ပြထားသည်။

ယခုပေးအပ်သော အကူအညီများသည် ရောဂါတိုက်ဖျက်ရာတွင် လိုအပ်သောအရာများ ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားစဉ်က တရုတ်နိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံအား ကာကွယ်ဆေးများ ပံ့ပိုးပေးခြင်းကို ပြန်ပြောင်းအောက်မေ့လျက် Maleque က ပြောခဲ့သည်။ ထို့ပြင် နှစ်နိုင်ငံအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ စစ်တကောင်းဆေးကောလိပ်၊ မီးလောင်ကုသရေးဌာနဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ထူထောင်ခဲ့ကြောင်း Maleque က ဖြည့်စွက်ပြောကြားခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ယောင်ဝန်က တရုတ်သံရုံးအနေဖြင့် Enam ဆေးဘက်ဆိုင်ရာကောလိပ်တက္ကသိုလ်သို့ သွေးလွန်တုပ်ကွေးရောဂါကုသရေးပစ္စည်းများ လှူဒါန်းခဲ့ကြောင်း၊ တရုတ်နိုင်ငံက ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်အတူ ကျန်းမာရေးနယ်ပယ်၌ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်နှင့် နှစ်နိုင်ငံ ပြည်သူများအတွက် ထင်ရှားသော အကျိုးကျေးဇူးများ ပိုမိုဆောင်ကြဉ်းပေးနိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အလေးထားပြောခဲ့သည်။ လွန်ခဲ့သည့် သီတင်းပတ်ကလည်း တရုတ်သံရုံးက လှူဒါန်းထားသော နှလုံးရောဂါဆိုင်ရာ ဒစ်ဂျစ်တယ် အခြေခံအဆောက်အအုံ ရှေ့ပြေးနေရာကို Bangabandhu Sheikh Mujib ဆေးတက္ကသိုလ်တွင် တရားဝင်ဖွင့်လှစ်ခဲ့ကြောင်း ယောင်က ဖြည့်စွက်ပြောခဲ့သည်။ (Xinhua)

………………………………..
(English Version)
China provides anti-dengue emergency supply to Bangladesh
DHAKA, Nov. 7 (Xinhua) — A handover ceremony of China’s anti-dengue emergency supply for Bangladesh was held here on Tuesday.
Chinese Ambassador to Bangladesh Yao Wen handed over the supply to the Bangladeshi Health and Family Welfare Minister Zahid Maleque at the ceremony, saying that China and Bangladesh are genuine friends who share weal and woe and close neighbors who always help each other.
Bangladesh has recorded a total of 1,425 deaths from dengue fever out of 283,593 cases this year as of Tuesday, Bangladeshi health department figures showed.
In his speech, Maleque said the supplies are needed in fighting the disease, and recalled that during the COVID-19 pandemic, the Chinese side also provided vaccines to Bangladesh.
Besides, Maleque added, the two sides also have established cooperation on the burn unit of Chittagong Medical College Hospital in Bangladesh.
For his part, Chinese Ambassador to Bangladesh Yao Wen said the Chinese embassy has donated a batch of dengue kits to Enam Medical College Hospital, stressing that China will continue “to enhance the cooperation with Bangladesh in the health field and bring more tangible benefits to the people of the two countries.”
Yao also added that last week, the cardiovascular disease digital infrastructure pilot site donated by the Chinese Embassy was officially launched at Bangabandhu Sheikh Mujib Medical University.
Photo: Chinese Ambassador to Bangladesh Yao Wen (3rd L) hands over anti-dengue emergency supply to Bangladeshi Health and Family Welfare Minister Zahid Maleque (2nd L) at a handover ceremony in Dhaka, Bangladesh, Nov. 7, 2023. (Xinhua)