Connect with us

China

တရုတ်နှင့် အမေရိကန်တို့ ခိုင်မာသောဆောင်ရွက်မှုများဖြင့် တည်ငြိမ်၍ ရေရှည်တည်တံ့သော ဆက်ဆံရေး မြှင့်တင်မည်

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်တို့ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဖီလိုလီစံအိမ်တော်တွင် ဆွေးနွေးကြပြီးနောက် လမ်းလျှောက်နေကြသည်ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့သည် နှစ်နိုင်ငံ ခေါင်းဆောင်များ ရရှိထားသည့် အရေးပါသော ဘုံနားလည်မှုများနှင့် ရလဒ်များကို လေးလေးနက်နက် အကောင်အထည်ဖော်ရန်နှင့် တရုတ်-အမေရိကန် ဆက်ဆံရေး တည်ငြိမ်၊ အားကောင်း၍ ရေရှည်တည်တံ့သော တိုးတက်မှု မြှင့်တင်ရေးအတွက် ခိုင်မာသော ဆောင်ရွက်မှုများ လုပ်ဆောင်ရန် သမ္မတ ရှီကျင့်ဖိန်က ဇန်နဝါရီ ၁ ရက်တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ၄၅ နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်ထံ ပေးပို့သော ဝမ်းမြောက်ကြောင်း သဝဏ်လွှာ၌ အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ (Xinhua)

………………………………
(English Version)
Xi calls on China, U.S. to promote stable, sustainable ties with concrete actions
BEIJING, Jan. 1 (Xinhua) — Chinese President Xi Jinping on Monday called on China and the United States to earnestly implement the important common understandings and outcomes reached by the two heads of state, and take concrete actions to promote a stable, healthy and sustainable development of China-U.S. relations.
The Chinese president made the remarks in a congratulatory message sent to U.S. President Joe Biden to mark the 45th anniversary of the two countries’ diplomatic relations.
Photo: Chinese President Xi Jinping and U.S. President Joe Biden take a walk after their talks in the Filoli Estate in the U.S. state of California, Nov. 15, 2023. (Xinhua/Rao Aimin)