Connect with us

Africa & Middle East

ဂါဇာဒေသတွင် ပါလက်စတိုင်း သေဆုံးသူအရေအတွက် ၂၃,၄၆၉ ဦး အထိရှိလာ

ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်း Beit Lahia မြို့တွင် ပျက်စီးနေသော ကားတစ်စီးကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂါဇာ၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ)

ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးတိုက်ခိုက်မှုများကြောင့် ပါလက်စတိုင်းသေဆုံးသူ အရေအတွက်မှာ ၂၃,၄၆၉ ဦး အထိရှိလာပြီဖြစ်ကြောင်း ဂါဇာအခြေစိုက် ကျန်းမာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၁ ရက်၌ ပြောကြားခဲ့သည်။
အစ္စရေးစစ်တပ်၏ လွန်ခဲ့သည့် ၂၄ နာရီအတွင်း တိုက်ခိုက်မှုများကြောင့် ပါလက်စတိုင်း ၁၁၂ ဦး သေဆုံးခဲ့ပြီး အခြားသူ ၁၉၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါ ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Ashraf al-Qedra က သတင်းထုတ်ပြန်ချက်၌ ပြောခဲ့သည်။

အစ္စရေး-ဟားမက်စ် ပဋိပက္ခဖြစ်ပွားချိန်မှစ၍ အစ္စရေးတိုက်ခိုက်မှုများကြောင့် ပါလက်စတိုင်း ဒဏ်ရာရသူ အရေအတွက်မှာ ၅၉,၆၀၄ ဦးရှိခဲ့ရာ ယင်းအနက် ၆,၂၀၀ ခန့်မှာ ဂါဇာပြင်ပတွင် အရေးပေါ်ဆေးကုသမှုခံယူရန် လိုအပ်နေကြောင်း Al-Qedra က ဖြည့်စွက်ပြောကြားခဲ့သည်။

“ဂါဇာတောင်ပိုင်းက ဆေးရုံတွေရဲ့ အခြေအနေကတော့ ဒဏ်ရာရသူတွေနဲ့ နေရပ်ရွှေ့ပြောင်းသူ ထောင်ပေါင်းများစွာ ထူထပ်နေတာကြောင့် တော်တော်လေးဆိုးနေပါတယ်” ဟု ၎င်းက မှတ်ချက်ပြုခဲ့သည်။
ကုလသမဂ္ဂအဖွဲ့အစည်းများအနေဖြင့် “မခံနိုင်တော့တဲ့ အကျိုးဆက်တွေ၊ ကပ်ဘေးတွေမဖြစ်ပေါ်မီ နေရပ်ရွှေ့ပြောင်းသူတွေအတွက် ရေ၊ အစားအစာနဲ့ ခိုလှုံရာနေရာတွေ ပံ့ပိုးပေးဖို့” ချက်ချင်းကြားဝင်စေ့စပ်ပေးရန် Al-Qedra က တိုက်တွန်းခဲ့သည်။

အစ္စရေးတို့၏ လေကြောင်း၊ ကုန်းကြောင်းနှင့် ရေကြောင်းမှ ပြင်းထန်သောဗုံးကြဲတိုက်ခိုက်မှုက ဂါဇာကမ်းမြောင်ဒေသ အထူးသဖြင့် Deir al-Balah နဲ့ ခန်ယွန်းနစ် နယ်မြေများရှိ ဒေသအများစု၌ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း ပါလက်စတိုင်း လုံခြုံရေးသတင်းရင်းမြစ်များအရ သိရသည်။ (Xinhua)

ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်း Beit Lahia မြို့တွင် ပျက်စီးနေသော အဆောက်အအုံအနီး ဖြတ်သန်းသွားလာသူများကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………………………
(English Version)
Palestinian death toll in Gaza rises to 23,469: ministry
GAZA, Jan. 11 (Xinhua) — The Palestinian death toll from ongoing Israeli attacks on the Gaza Strip has risen to 23,469, the Gaza-based Health Ministry said on Thursday.
The Ministry Spokesperson Ashraf al-Qedra said in a press statement that the Israeli army killed 112 Palestinians and wounded 194 others during the past 24 hours.
Al-Qedra added that since the outbreak of the Israel-Hamas conflict, 59,604 Palestinians were wounded as a result of Israeli attacks, among whom 6,200 were in urgent need to receive treatment outside Gaza.
“The situation in hospitals in the southern Gaza Strip is extremely catastrophic as a result of overcrowding with the wounded and tens of thousands of displaced people,” he noted.
Al-Qedra called on UN institutions to intervene urgently “to provide water, food and shelter to the displaced before a catastrophe occurs, the consequences of which cannot be tolerated.”
According to Palestinian security sources, intense Israeli bombardment from the air, land and sea continued in most parts of the Gaza Strip, especially in the governorates of Deir al-Balah and Khan Younis.
Photo 1: Photo taken on Jan. 11, 2024 shows a damaged car in the northern Gaza Strip town of Beit Lahia. (Photo by Abdul Rahman Salama/Xinhua)
Photo 2: People walk past damaged buildings in the northern Gaza Strip town of Beit Lahia, on Jan. 11, 2024. (Photo by Abdul Rahman Salama/Xinhua)