Connect with us

Asia

မြောက်ကိုရီးယားက ရေအောက် နျူကလီးယား လက်နက်စနစ်ကို စမ်းသပ်

မြောက်ကိုရီးယားနိုင်ငံ ပြုံးယမ်းမြို့၌ ကျင်းပခဲ့သည့် ၈ ကြိမ်မြောက် ပါတီညီလာခံအထိမ်းအမှတ် စစ်ရေးပြပွဲအား ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်တွင် တွေ့ရစဉ်(ဓာတ်ပုံ- KCNA/Handout via Xinhua)

ဆိုးလ်၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံ (DPRK) သည် အရှေ့ဘက်ရေပြင်၌ ရေအောက် နျူကလီးယား လက်နက်စနစ်ကို စမ်းသပ်ခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် (KCNA) သတင်းအေဂျင်စီက ဇန်နဝါရီ ၁၉ ရက် တွင်ဖော်ပြခဲ့သည်။
KCNA မှ တစ်ဆင့်ထုတ်ပြန်သော ကြေညာချက်တွင် မြောက်ကိုရီးယား အမျိုးသားကာကွယ်ရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ယင်းလုပ်ဆောင်မှုနှင့်ပတ်သက်၍ ကြေညာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အမေရိကန်နိုင်ငံ၊ ဂျပန်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့က ယခုသီတင်းပတ်အစောပိုင်းတွင် ပြုလုပ်သော ပူးတွဲရေကြောင်းစစ်ရေးလေ့ကျင့်မှုကို တုံ့ပြန်သည့်အနေဖြင့် အဆိုပါစမ်းသပ်မှုကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)

………………………………..
(English Version)
Urgent: DPRK conducts test of underwater nuclear weapon system
SEOUL, Jan. 19 (Xinhua) — The Democratic People’s Republic of Korea (DPRK) conducted a test of its underwater nuclear weapon system in the eastern waters, the official Korean Central News Agency (KCNA) reported Friday.
A spokesman for the Ministry of National Defence of the DPRK announced the move in a press statement carried by the KCNA.
The test was conducted in response to the joint maritime exercises by the United States, Japan and South Korea earlier this week, the statement said. Enditem
Photo – Photo provided by Korean Central News Agency (KCNA) on Jan. 15, 2021, shows a military parade commemorating the eighth party congress of the Democratic People’s Republic of Korea (DPRK) held in Pyongyang, the DPRK, Jan. 14, 2021. (KCNA/Handout via Xinhua)