ရန်ကုန်၊ ဧပြီ ၁၄ ရက် (ဆင်ဟွာ) ၂၀၁၈ ခုနှစ် မဟာသြင်္ကန်ကာလတွင် ရန်ကုန်မြို့၌ မြန်မာ့ရိုးရာသြင်္ကန်ကို ပါဝင်ဆင်နွှဲကြသော အများပြည်သူများအား ရှေးဦးပြုစုခြင်းနှင့် ကျန်းမာရေးဆိုင်ရာကူညီစောင့်ရှောက်မှုများ ပေးနိုင်ရန် ၊ ထိခိုက်ဒဏ်ရာရရှိသူများအား ဆေးရုံဆေးခန်းများသို့ အချိန်မီညွှန်းပို့နိုင်ရန်အတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်း ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ ရန်ကုန်တိုင်း ဒေသကြီး ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့မှ ဦးဆောင်၍...
ရန်ကုန်၊ ဧပြီ ၁၄ ရက် (ဆင်ဟွာ) ယနေ့ နံနက် ၄ နာရီ ကျော်က ညောင်ဦးခရိုင်၊ ပုဂံမြို့ သစ် လမ်းမတော် လမ်းရှိ ရွှေဗဟိုဟိုတယ်မီးလောင်မှု တွင် သေဆုံးမှု နှင့် ဒဏ်ရာရမှု မရှိကြောင်း ညောင်ဦးမြို့ မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာကိုပြောသည်။
ဝါရှင်တန် ၊ ဧပြီ ၁၄ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က ဗြိတိန်နိုင်ငံ ၊ ပြင်သစ်နိုင်ငံတို့နှင့်အတူ ဆီးရီးယားနိုင်ငံ၏ စစ်တပ်အဆောင်အယောင်များကို တိုက်ခိုက်ရန် ဧပြီ ၁၃ ရက်တွင် အမိန့်ပေးခဲ့ကြောင်း သိရသည်။
လန်ဒန်၊ ဧပြီ ၁၄ ရက် (ဆင်ဟွာ) ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ထရီဇာမေက ဆီးရီးယားတွင် တရားမဝင် ဓာတုလက်နက်များအသုံးပြုမှုကို တန်ပြန်အရေးယူဆောင်ရွက်သည့်အနေဖြင့် ဆီးရီးယားအား ပစ်မှတ်ထားတိုက်ခိုက်မှုများ ပြုလုပ်ရန် ဗြိတိန်လက်နက်ကိုင်တပ်ဖွဲ့များအား အခွင့်အာဏာပေးအပ်လိုက်ကြောင့် ဧပြီ ၁၄ ရက် ကပြောကြားလိုက်သည်။ (Xinhua)
ဒမတ်စကက်စ် ၊ ဧပြီ ၁၄ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံက ဆီးရီးယားနိုင်ငံမြို့တော် ဒမတ်စကက်စ်ကို ဒုံးကျည်များဖြင့် ဧပြီ ၁၃ ရက် ညပိုင်းတွင် စတင်တိုက်ခိုက်နေပြီး ဖြစ်ကြောင်း ဆီးရီးယားနိုင်ငံပိုင် တီဗွီ၏ ထုတ်လွှင့်ချက် နှင့် ဒမတ်စကက်စ်သို့ရောက်ရှိနေသော ဆင်ဟွာသတင်းထောက် ၏ ပေးပို့ချက်အရ သိရသည်။