Connect with us

CHINA

ထိုင်ဝမ်တွင် ၁၀ ရက်ဆက်တိုက် နေ့စဉ် လူပေါင်း ၂၀ ကျော် COVID-19 ရောဂါဖြင့် သေဆုံးနေ

ထိုင်ဝမ်ဒေသ တိုင်ပေမြို့တွင် မေ ၉ ရက်၌ ပြည်သူများ လမ်းကူးရန်စောင့်ဆိုင်းနေကြစဉ်(ဆင်ဟွာ)

တိုင်ပေ ၊ ဇွန် ၁၄ ရက် (ဆင်ဟွာ)

ထိုင်ဝမ်ဒေသ ကပ်ရောဂါညွှန်ကြားမှုစင်တာ၏ ဇွန်လ ၁၃ ရက် ထုတ်ပြန်ကြေညာချက်အရ COVID-19 ရောဂါထပ်မံကူးစက်ခံရသူ ၁၇၅ ဦးရှိပြီး ၁၇၄ ဦးမှာ ဒေသတွင်း ထပ်မံကူးစက်ခံရမှုဖြစ်ပြီး တစ်ဦးမှာ ပြင်ပမှဝင်ရောက်လာမှုဖြစ်ကြောင်း ၊ ကူးစက်ခံရကြောင်း အတည်ပြုခဲ့သူများအနက် ထပ်မံသေဆုံးသူ ၂၆ ဦးရှိပြီး ၎င်းတို့အနက် ၄ ဦးမှာ သေဆုံးပြီးချိန်မှ COVID-19 ရောဂါ ကူးစက်ခံထားရသည်ကို အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း ၊ ယင်းမှာ ထိုင်ဝမ်တွင် ၁၀ ရက်ဆက်တိုက် နေ့စဉ် လူပေါင်း ၂၀ ကျော် သေဆုံးမှုဖြစ်ကြောင်း သိရသည်။

ညွှန်ကြားမှုစင်တာ၏ စာရင်းပြုစုချက်အရ ဇွန် ၁၃ ရက်အချိန်ထိ ထိုင်ဝမ်ဒေသတွင် ကူးစက်ခံရသူစုစုပေါင်း ၁၂,၉၂၁ ဦးရှိပြီး ဒေသတွင်း ကူးစက်ခံရမှုက ၁၁,၇၁၃ ဦးအထိရှိကြောင်း ၊ ကူးစက်ခံရကြောင်း အတည်ပြုခဲ့သူများအနက် လူပေါင်း ၄၃၇ ဦး သေဆုံးခဲ့ရကြောင်း သိရသည်။

ညွှန်ကြားမှုစင်တာ၏ ရှင်းလင်းချက်အရ ဇွန်လ ၁၃ ရက်၌ ထပ်မံကူးစက်ခံရသူ ၁၇၄ ဦးအနက် ၇၉ ဦးမှာ အမျိုးသားဖြစ်ပြီး ၉၅ ဦးမှာ အမျိုးသမီးဖြစ်ကာ အသက်အရွယ်အားဖြင့် ၅ နှစ်မပြည့်သေးသည့် ကလေးငယ် မှ အသက် ၉၀ ကျော် အသက်ရွယ် အိုမင်းသူအထိ ပါဝင်ကာ ရောဂါလက္ခဏာပြလာသည့် ရက်မှာ မေ ၂၃ ရက် မှ ဇွန်လ ၁၂ ရက်အတွင်းဖြစ်ကြောင်း ၊ ပြင်ပမှထပ်မံဝင်ရောက်လာသည့် ကူးစက်ခံရသူမှာ အသက် ၂၀ ကျော် ထိုင်ဝမ်အမျိုးသားတစ်ဦးဖြစ်ပြီး အမေရိကန်နိုင်ငံ မှ ထိုင်ဝမ်သို့ ပြန်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အသစ်ထုတ်ပြန်သည့် သေဆုံးခဲ့သူ ၂၆ ဦးအနက် အမျိုးသား ၁၅ ဦးပါဝင်ပြီး အမျိုးသမီး ၁၁ ဦး ပါဝင်ကြောင်း ၊ အသက်အရွယ်အားဖြင့် အသက် ၅၀ ကျော် မှ အသက် ၉၀ ကျော်အထိ ဖြစ်ကြပြီး ကူးစက်ခံရသည့်နေ့မှာ မေ ၁၅ ရက်မှ ဇွန်လ ၁၂ ရက်အတွင်းဖြစ်ကြကာ သေဆုံးခဲ့သည့် နေ့မှာ ဇွန်လ ၄ ရက်မှ ဇွန်လ ၁၂ ရက်အတွင်းဖြစ်ကြောင်း သိရှိရသည်။

ဒေသတွင်း နေ့စဉ်ထပ်မံကူးစက်ခံရမှု သည် လူဦးရေ ၂၀၀ အောက်သို့ရောက်ရှိခဲ့ခြင်းနှင့် ပတ်သက်၍ ညွှန်ကြားမှုစင်တာ က ကူးစက်ခံရကြောင်း အတည်ပြုသည့် လူဦးရေတဖြည်းဖြည်းလျော့ကျလာသော်လည်း လက်ရှိချိန်တွင် စိတ်ချရသည့် အဆင့်သို့မရောက်ရှိသေးကြောင်း ပြောကြားခဲ့သည်။

ရင်ခေါင်းပညာရပ်ဆိုင်ရာဆရာဝန်က ကူးစက်ခံမှုအတည်ပြုသူ တဖြည်းဖြည်းလျော့ကျလာခြင်းမှာ ကောင်းမွန်သည့် ကိစ္စရပ်ဖြစ်သော်လည်း သေဆုံးသူကျဆင်းလာသည်ကို မြင်တွေ့နိုင်ရန် အချိန်ကာလအနည်းငယ်စောင့်ကြည့်ရမည်အုံးဖြစ်ပြီး အဘယ်ကြောင့်ဆိုသော် သေဆုံးသူဦးရေမှာ ယခင်က ရောဂါဝေဒနာအပြင်းအထန်ဖြစ်ပွါးနေသူဦးရေကို ထင်ဟပ်နေသောကြောင့် ဖြစ်ကြောင်း ရေးသားဖော်ပြခဲ့သည်။ (Xinhua)

————————————–
(Chinese Version)
(港澳台)台湾连续10天新增逾20例新冠肺炎死亡病例
2021-06-13 20:31:56 分类: 政治法律
新华社台北6月13日电(记者吴济海、姜婷婷)台湾地区流行疫情指挥中心13日公布新增175例新冠肺炎确诊病例,分别为174例本土及1例境外输入个案;确诊个案中新增26例死亡,其中有4人死后才确诊。这是台湾连续10天单日新增逾20例死亡病例。
指挥中心统计,截至目前台湾地区累计12921例确诊病例,其中本土病例达11713例。确诊个案中累计437例死亡。
指挥中心说明,当日新增的174例本土病例为79例男性、95例女性,年龄介于未满5岁至90多岁,发病日介于5月23日至6月12日。新增1例境外输入个案为20多岁台湾男性,自美国返台。
新通报的26例死亡个案共计为男性15位、女性11位,年龄介于50多岁至90多岁,确诊日介于5月15日至6月12日,死亡日介于6月4日至6月12日。
对于单日新增本土病例降至200例以下,指挥中心表示,确诊病例确实渐渐减少,但现在尚未到可放松阶段。
有胸腔科医师发文表示,确诊个案数慢慢下降是好事,不过要看到死亡人数下降,应该还需要一段时间,因为死亡人数是反映之前累积下来的重症患者数量。(完)

Photo
5月9日,在台北市南京西路商圈,市民等待过马路。 新华社记者 金立旺摄