Connect with us

Asia

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် စက်ရုံမီးလောင်မှုကြောင့် သေဆုံးသူ(၅၁)ဦးအထိ မြင့်တက်လာ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Narayanganjဒေသရှိ မီးလောင်မှုဖြစ်ပွားရာ စက်ရုံတွင် မီးသတ်တပ်ဖွဲ့ဝင်များ မီးငြှိမ်းသတ်နေသည်ကို ဇူလိုင် ၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဒါကာ၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာအနီးရှိ စက်ရုံတစ်ခုတွင် ဇူလိုင် ၈ ရက်ညပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ အခင်းဖြစ်ပွားမှုကြောင့် သေဆုံးသူ အနည်းဆုံး (၅၁)ဦး ရှိကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒေသခံအရာရှိတစ်ဦးက ဇူလိုင် ၉ ရက်တွင် ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Narayanganjဒေသရှိ မီးလောင်မှုဖြစ်ပွားရာ စက်ရုံတွင် မီးသတ်တပ်ဖွဲ့ဝင်များ မီးငြှိမ်းသတ်နေသည်ကို ဇူလိုင် ၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Narayanganjဒေသရှိ မီးလောင်မှုဖြစ်ပွားရာ စက်ရုံတွင် လူအများစုရုံးရောက်ရှိနေသည်ကို ဇူလိုင် ၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Narayanganjဒေသရှိ မီးလောင်မှုဖြစ်ပွားရာ စက်ရုံတွင် သေဆုံးသွားသူတို့၏ရုပ်အလောင်းအား မီးသတ်တပ်ဖွဲ့ဝင်များက သယ်ဆောင်ပေးနေသည်ကို ဇူလိုင် ၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Narayanganjဒေသရှိ မီးလောင်မှုဖြစ်ပွားခဲ့သည့် စက်ရုံအား ဇူလိုင် ၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မီးလောင်မှုဖြစ်ပွားသည့် ဖျော်ရည်စက်ရုံသည် ဒါကာမြို့ တောင်ဘက် (၂၀)ကီလိုမီတာခန့် အကွာ Narayanganj ဒေသရှိ (၆)ထပ်အဆောက်အအုံတစ်ခုဖြစ်ကြောင်း သိရသည်။ ဇူလိုင် ၉ ရက် ၁၅ နာရီအထိ မီးဘေးကြောင့် သေဆုံးသူ အနည်းဆုံး (၅၁)ဦးရှိပြီး ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် ဒဏ်ရာရသူ (၂၀)ခန့်ရှိကြောင်း Narayanganj ဒေသ အုပ်ချုပ်ရေးမှူး Mostain Billah က ပြောကြားခဲ့သည်။

လက်ရှိအခြေအနေအရ အဆောက်အအုံပထမထပ် ဂဟေဆော်ရာမှ မီးလောင်ခြင်း ဖြစ်နိုင်ပြီး မီးအရှိန်မြင့်ခြင်းကြောင့် အခြားအထပ်များကိုပါ မီးကူးစက်သွားခြင်း ဖြစ်နိုင်သည်ဟု ခန့်မှန်းရကြောင်း Narayanganjဒေသ မီးသတ်နှင့်ပြည်သူ့ကာကွယ်ရေးဌာန ဒုတိယညွှန်ကြားရေးမှူး Md Abdul Al Arefinက ဆိုသည်။ လက်ရှိအခင်းဖြစ်ရာနေရာတွင် မီးသတ်တပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်မှုများ ပြုလုပ်နေကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း မတော်တဆအန္တရာယ် မကြာခဏဖြစ်ပွားလေ့ရှိကြောင်း၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလက ဒါကာမြို့ဟောင်းရှိ ဂိုဒေါင်တစ်ခုအတွင်း ဓါတ်ငွေ့ဘူးပေါက်ကွဲခြင်းကြောင့် သိုလှောင်ထားသည့် ဓါတုပစ္စည်းများကို မီးကူးစက်ခဲ့ရာ အနီးရှိနေအိမ်များကို လောင်ကျွမ်းခဲ့ခြင်းကြောင့် အနည်းဆုံး လူ (၈၀)ကျော် သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)

———————————–
(Chinese Version)
(国际)孟加拉国工厂火灾死亡人数升至51人
2021-07-09 18:25:32
新华社达卡7月9日电(记者刘春涛)孟加拉国地方官员9日说,首都达卡附近一家工厂8日晚间发生火灾,已造成至少51人死亡。
发生火灾的饮料生产厂在达卡以南约20公里处,位于纳拉扬甘杰地区,是一栋6层建筑。纳拉扬甘杰地区行政长官比拉说,截至当地时间9日15时(北京时间17时),火灾已导致至少51人死亡,还有约20名伤者在医院接受救治。
纳拉扬甘杰地区消防和民防局副局长阿列芬说,根据了解到的情况判断,建筑物一层的焊接工作引发火灾,大火迅速蔓延到其他楼层。目前,消防人员仍在现场施救。
孟加拉国安全事故时有发生。2019年2月,达卡老城区一处仓库内的燃气罐爆炸,引燃了储存的化学品,大火迅速蔓延至周边房屋,造成至少80多人死亡。(完)

图说1,2:7月9日,消防人员在孟加拉国纳拉扬甘杰的工厂火灾现场灭火。新华社发
图说3:7月9日,人们聚集在孟加拉国纳拉扬甘杰发生火灾的工厂周围。新华社发
图说4:7月9日,消防人员在孟加拉国纳拉扬甘杰发生火灾的工厂转移遇难者遗体。新华社发
图说5:这是7月9日在孟加拉国纳拉扬甘杰拍摄的发生火灾的工厂。新华社发