Connect with us

Europe

ရုရှား မဟာဗျူဟာဒုံးကျည်တပ်ဖွဲ့ စသည့်အဖွဲ့များ တိုက်ပွဲဝင် အသင့်အနေအထား စတင်ပြီ ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောကြား

မော်စကို၊ မတ် ၁ ရက်(ဆင်ဟွာ)
ရုရှား မဟာဗျူဟာ ဒုံးကျည်တပ်ဖွဲ့၊ မြောက်ပိုင်း ရေတပ်နှင့် ပစိဖိတ်ရေတပ်၊ တာဝေးလေကြောင်းစစ်သည်အင်အားကို အားဖြည့်ထားပြီး တိုက်ပွဲဝင်အသင့်အနေထားစတင်နေပြီဖြစ်သည်ဟု ရုရှားကာကွယ်ရေးဝန်ကြီး Sergey Shoyguက ဇန်နဝါရီ ၂၈ ရက်တွင် ရုရှားသမ္မတ ပူတင်ကို အစီရင်ခံခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ သတင်းများအရ သိရသည်။ရုရှားစစ်တပ် မဟာဗျူဟာ ဟန့်တားရေးအင်အားကို အထူးတိုက်ပွဲဝင် အသင့်အနေအထားအဖြစ် ပြောင်းလဲထားရန် ရုရှားသမ္မတ ပူတင်က ဖေဖော်ဝါရီ ၂၇ ရက်တွင် အမိန့်ပေးခဲ့ခြင်း ဖြစ်သည်။

ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့ ရေတပ်နေ့အထိမ်းအမှတ်ပါဝင်သည့် စစ်ရေယာဉ်များအား ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၂၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့ ရေကြောင်းချီတပ်ပွဲတွင်ပါဝင်သည့် စစ်ရေယာဉ်အုပ်စုအား ၂၀၁၉ ခုနှစ် ဇူလိုင် ၂၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ရုရှား၏ မဟာဗျူဟာ ဟန့်တားရေးအင်အားရည်ရွယ်ချက်မှာ ရုရှားနှင့်၎င်း၏မဟာမိတ်များအပေါ် ပြင်ပမှ ကျူးကျော်လာမှုကို ဟန့်တားရန်ဖြစ်ပြီး စစ်ပွဲ၌ အသုံးပြုသည့်လက်နက်များတွင် နျူကလီးယားလက်အနက်အပါအဝင် ကျူးကျော်သူအားဖြိုခွင်းနိုင်သည့် လက်နက်မျိုးစုံပါဝင်ကြောင်း TASS သတင်းအေဂျင်စီက ဖော်ပြထားသည်။ (Xinhua)
————————————-
(Chinese Version)
 
(乌克兰局势)俄国防部:俄战略导弹部队等开始战备值班
2022-02-28 21:45:19
  新华社莫斯科2月28日电(记者华迪)根据俄罗斯国防部消息,俄国防部长绍伊古2月28日向俄总统普京报告说,俄战略导弹部队、北方舰队和太平洋舰队、远程航空兵的执勤力量均已加强,开始战备值班。
  27日,普京下令将俄军威慑力量调至特殊战备状态。据塔斯社报道,俄战略威慑力量旨在遏制外界对俄联邦及其盟国侵略,并在战争中使用包括核武器在内的各种武器击败侵略者。(完)
 
图说1:2015年7月26日,在俄罗斯远东符拉迪沃斯托克,“瓦良格”号导弹巡洋舰驶过观礼台接受检阅。(新华社发,王建华摄)
图说2: 2020年7月26日,在俄罗斯圣彼得堡,舰艇列队参加海军节庆祝活动。新华社发(莫京娜 摄)
图说3:2019年7月28日,参加海上阅兵的舰艇编队驶向俄罗斯圣彼得堡喀琅施塔得检阅场地。新华社发(林健 摄)