Connect with us

Asia

ဂျပန်နိုင်ငံ ဖူကူရှီးမား စသည့် နေရာများမှ ရေထွက်ကုန် တင်သွင်းမှု တားမြစ်မိန့်ကို ဆက်လက်ထားရှိမည်ဟု တောင်ကိုရီးယား အစိုးရ ပြောကြား

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ Gwanghwamun ရင်ပြင်တွင် ဂျပန်နိုင်ငံ နျူကလီးယားရေဆိုးများ ပင်လယ်အတွင်းသို့ စွန့်ထုတ်ခြင်းအပေါ် ဆန့်ကျင်ဆန္ဒပြနေသူများအား ၂၀၂၃ ခုနှစ် ဩဂုတ် ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆိုးလ်၊ ဩဂုတ် ၂၅ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ ဖူကူရှီးမား စသည့်နေရာများ၏ ရေထွက်ကုန် တင်သွင်းခွင့် တားမြစ်မိန့်ကို ဆက်လက်ထားရှိမည် ဖြစ်ကြောင်း ဂျပန်နိုင်ငံ၏ ဖူကူရှီးမား နျူကလီးယား ရေဆိုးများ ပင်လယ်အတွင်းသို့ စတင်စွန့်ထုတ်သည့် ကိစ္စနှင့်စပ်လျဉ်း၍ တောင်ကိုရီးယားဝန်ကြီးချုပ် Han Duk-soo က ပြည်သူများအား ဩဂုတ် ၂၄ ရက်တွင် ပြောကြားခဲ့သည်။

လက်ရှိတွင် တောင်ကိုရီးယား အစိုးရက ဖူကူရှီးမားအပါအဝင် ဂျပန်နိုင်ငံရှိ ခရိုင် ၈ ခရိုင်မှ ရေထွက်ကုန်များနှင့် ခရိုင် ၁၅ ခရိုင်မှ လယ်ယာထွက်ကုန်ပစ္စည်း ၂၇ မျိုးအပေါ် တင်သွင်းခွင့် တားမြစ်ထားကြောင်း Han Duk-soo က ပြောကြားခဲ့သည်။ တောင်ကိုရီးယား အစိုးရအနေဖြင့် လက်ရှိ သွင်းကုန် တားမြစ်မိန့်ကို ပြည်သူများ စိတ်အေးချမ်းသာ ဖြစ်သည်အထိ ထားရှိသွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံသည် ဩဂုတ် ၂၄ ရက်မှစ၍ ဖူကူရှီးမား ဒိုင်အိချိ နျူကလီးယားစွမ်းအင်စက်ရုံမှ နျူကလီးယား ညစ်ညမ်းရေများကို ပင်လယ်အတွင်း စတင် စွန့်ထုတ်ခဲ့သည်။ ထိုလုပ်ရပ်သည် နိုင်ငံတကာအသိုက်အဝန်း၏ အပြင်းအထန် ဝေဖန်ကန့်ကွက်မှုကို ခံခဲ့ရသလို ဂျပန်နိုင်ငံ၏ လုပ်ဆောင်ချက်က တာဝန်ယူမှု လုံးဝ မရှိကြောင်းနှင့် ဘေးအန္တရာယ် အလွန်များကြောင်း နိုင်ငံတကာ အသိုက်အဝန်းက ရှုမြင်ထားသည်။ (Xinhua)

………………………………..
(Chinese Version)
韩国政府表示将维持对日本福岛等地水产品进口禁令
新华社首尔8月24日电(记者陆睿 孙一然)韩国总理韩德洙24日就日本启动福岛核污染水排海问题发表对国民谈话。他表示,韩国将继续维持对日本福岛等地水产品的进口禁令。
韩德洙在对国民谈话中说,目前韩国政府对包括福岛在内的日本8个县的水产品,以及15个县的27种农产品实施进口禁令。在国民安心之前,韩国政府将维持当前的进口禁令。
日本24日启动福岛第一核电站核污染水排海。此举遭到国际社会强烈批评和反对,国际社会普遍认为日方行为极不负责、危害无穷。

1. 8月25日,在韩国首尔光化门广场,人们手持标语抗议日本核污染水排海