Connect with us

ASEAN

ကမ္ဘောဒီးယားနိုင်ငံက COVAX Facility အစီအစဉ်ဖြင့် Sinovac COVID-19 ကာကွယ်ဆေးအသစ်များ လက်ခံရရှိ

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ရှိ ဖနွမ်းပင် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ COVID-19 ကာကွယ်ဆေးများ ရောက်ရှိလာသည်ကို ဒီဇင်ဘာ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဖနွမ်းပင်၊ ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံက COVAX Facility မှတစ်ဆင့် တရုတ်နိုင်ငံထုတ် Sinovac COVID-19 ကာကွယ်ဆေး အလုံးရေ ၃၀၀,၀၀၀ ပါဝင်သောနောက်ထပ်တစ်သုတ်ကို ဒီဇင်ဘာ ၁၃ ရက်က လက်ခံရရှိခဲ့ကြောင်း ကျန်းမာရေးဆိုင်ရာ အဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ရှိ ဖနွမ်းပင် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသော COVID-19 ကာကွယ်ဆေးများကို လေဆိပ်ဝန်ထမ်းတစ်ဦးက သယ်ယူပို့ဆောင်နေသည်ကို ဒီဇင်ဘာ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ရှိ ဖနွမ်းပင် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသော COVID-19 ကာကွယ်ဆေးများကို လေဆိပ်ဝန်ထမ်းတစ်ဦးက သယ်ယူပို့ဆောင်နေသည်ကို ဒီဇင်ဘာ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

 

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ရှိ ဖနွမ်းပင် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ COVID-19 ကာကွယ်ဆေးများ ရောက်ရှိလာသည်ကို ဒီဇင်ဘာ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ရှိ ဖနွမ်းပင် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လေဆိပ်ဝန်ထမ်းတစ်ဦးက COVID-19 ကာကွယ်ဆေးများကို အအေးခန်းယာဉ်ပေါ်သို့ တင်နေသည်ကို ဒီဇင်ဘာ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကာကွယ်ဆေးများ တင်ဆောင်လာသော လေယာဉ်တစ်စင်းသည် ဒေသစံတော်ချိန် နံနက် ၁၀:၃၀ နာရီခန့်က ဖနွမ်းပင် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်လာခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး Yok Sambath က ပြောကြားခဲ့သည်။

အသစ်ရောက်ရှိလာသော ကာကွယ်ဆေးများနှင့်အတူ ကမ္ဘောဒီးယားနိုင်ငံသည် နှစ်နိုင်ငံဆောင်ရွက်မှု၊ COVAX Facility အစီအစဉ်နှင့် လှူဒါန်းမှုများမှတစ်ဆင့် အရင်းအမြစ်သုံးခုမှ စုစုပေါင်း COVID-19 ကာကွယ်ဆေး အကြိမ်ရေ ၄၀.၈ သန်း စာ လက်ခံရရှိပြီးဖြစ်ကြောင်း၊ ယင်းအနက် ၉၀ ရာခိုင်နှုန်းမှာ တရုတ်နိုင်မှ ဝယ်ယူခြင်း သို့မဟုတ် လှူဒါန်းခြင်းမှဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အရ သိရသည်။

ကမ္ဘောဒီးယားနိုင်ငံတွင် COVID-19 ကာကွယ်ဆေးထိုးနှံခြင်းကို ဖေဖော်ဝါရီလတွင် စတင်ဆောင်ရွက်ခဲ့ကြောင်း၊ ဒီဇင်ဘာ ၁၂ ရက်အထိ COVID-19 ကာကွယ်ဆေး အနည်းဆုံး တစ်ကြိမ်စီထိုးနှံပြီးသူ ၁၄.၂ သန်း သို့မဟုတ် နိုင်ငံလူဦးရေ ၁၆ သန်း၏ ၈၈.၇ ရာခိုင်နှုန်းရှိကြောင်း MoH က ဆိုသည်။

၁၃.၅ သန်း သို့မဟုတ် ၈၄.၆ ရာခိုင်နှုန်းသည် လိုအပ်သောကာကွယ်ဆေးနှစ်ကြိမ်လုံး အပြီးအစီးထိုးနှံပြီးဖြစ်ကြောင်း၊ ၂.၈ သန်း သို့မဟုတ် ၁၇.၅ ရာခိုင်နှုန်းမှာ အားဖြည့်ကာကွယ်ဆေးထိုးနှံထားပြီးဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံတွင် ဒီဇင်ဘာ ၁၃ ရက်က COVID-19 ရောဂါအသစ်ဖြစ်ပွားသူ ၁၅ ဦးရှိခဲ့ရာ စုစုပေါင်း COVID-19 ရောဂါဖြစ်ပွားသူအရေအတွက် ၁၂၀,၃၇၀ အထိ ရောက်ရှိလာခဲ့ကြောင်း သေဆုံးသူအနေဖြင့် ယင်းနေ့၌ ၄ ဦးထပ်မံသေဆုံးခဲ့ရာ စုစုပေါင်းသေဆုံးသူ ၂,၉၈၉ ဦးရှိပြီဖြစ်ကြောင်း သိရသည်။ (Xinhua)

…………………………….
(English Version)
Cambodia receives new batch of Sinovac COVID-19 vaccine from COVAX Facility
Source: Xinhua| 2021-12-13 16:53:10|Editor: huaxia
PHNOM PENH, Dec. 13 (Xinhua) — Cambodia on Monday received another batch of 300,000 doses of Chinese-made Sinovac COVID-19 vaccine through the COVAX Facility, a senior health official said.
Cambodian Ministry of Health (MoH) Secretary of State Yok Sambath said a flight carrying the jabs touched down at Phnom Penh International Airport at around 10:30 a.m. local time.
With the newly arrived vaccines, Cambodia has so far received a total of 40.8 million doses of COVID-19 vaccines from three sources through bilateral procurement, the COVAX Facility, and donations. Of the total, over 90 percent were purchased from or donated by China, according to the MoH.
Cambodia launched a COVID-19 vaccination drive in February. As of Dec. 12, the country had administered at least one dose of COVID-19 vaccines to 14.2 million people, or 88.7 percent of its 16-million population, the MoH said.
Of them, 13.5 million, or 84.6 percent, had been fully vaccinated with both required shots, and 2.8 million, or 17.5 percent, had taken a booster dose, it added.
The southeast Asian nation reported 15 new COVID-19 cases on Monday, raising the national total caseload to 120,370, the MoH said, adding that four more fatalities had been recorded, taking the overall death toll to 2,989. Enditem
1-Photo taken on Dec. 13, 2021 shows packages of COVID-19 vaccine at the Phnom Penh International Airport in Phnom Penh, Cambodia. Cambodia on Monday received another batch of 300,000 doses of Chinese-made Sinovac COVID-19 vaccine through the COVAX Facility, a senior health official said. (Photo by Sovannara/Xinhua)
2-3-An airport worker transports packages of COVID-19 vaccine at the Phnom Penh International Airport in Phnom Penh, Cambodia, Dec. 13, 2021. Cambodia on Monday received another batch of 300,000 doses of Chinese-made Sinovac COVID-19 vaccine through the COVAX Facility, a senior health official said. (Photo by Sovannara/Xinhua)

4-Photo taken on Dec. 13, 2021 shows packages of COVID-19 vaccine at the Phnom Penh International Airport in Phnom Penh, Cambodia. Cambodia on Monday received another batch of 300,000 doses of Chinese-made Sinovac COVID-19 vaccine through the COVAX Facility, a senior health official said. (Photo by Sovannara/Xinhua)
5-An airport worker uploads a package of COVID-19 vaccine onto a refrigeration vehicle at the Phnom Penh International Airport in Phnom Penh, Cambodia, Dec. 13, 2021. Cambodia on Monday received another batch of 300,000 doses of Chinese-made Sinovac COVID-19 vaccine through the COVAX Facility, a senior health official said. (Photo by Sovannara/Xinhua)