Connect with us

Africa & Middle East

ဆော်ဒီအာရေးဗျနယ်စပ်မြို့ Asir တွင် စာသင်ကျောင်းပေါ်သို့ ဗုံးကြဲဒရုန်းတစ်စင်းပျက်ကျမှုဖြစ်ပွား

ယီမင်နိုင်ငံရှိ ဟူတီသူပုန်အဖွဲ့ဝင်များက ပစ်လွှတ်လိုက်သော မောင်းသူမဲ့ဗုံးကြဲဒရုန်း(UAV) တစ်စင်းကို ၂၀၂၁ ခုနှစ် မတ်လတွင် ဆော်ဒီဦးဆောင်သောမဟာမိတ်တပ်ဖွဲ့က ပစ်ချခဲ့စဉ်(ဓာတ်ပုံ-အင်တာနက်)

ရီယာ့ဒ် ၊ ဇွန် ၁၄ ရက် (ဆင်ဟွာ)

ဆော်ဒီအာရေးဗျနိုင်ငံ နယ်စပ်မြို့ဖြစ်သော Asir မြို့ရှိ စာသင်ကျောင်းတစ်ကျောင်းပေါ်သို့ ဇွန် ၁၃ ရက် က ဗုံးကြဲဒရုန်းလေယာဉ်တစ်စင်းပျက်ကျမှုဖြစ်ပွားခဲ့ကြောင်း ဆော်ဒီကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ဟူတီပြည်သူ့စစ်တပ်ဖွဲ့၏ ဒရုန်းဖြင့် နောက်ဆုံးတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း ဆော်ဒီကာကွယ်ရေးတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီး Abduljalil Al Jilban ၏ ပြောကြားချက်ကို ကိုးကား၍ ဆော်ဒီသတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

ယခုဖြစ်စဉ်သည် ဆော်ဒီအာရေးဗျပစ်မှတ်များ (အထူးသဖြင့် နယ်စပ်ရှိ မြို့များ)ကို ဦးတည်၍ ယီမင်နိုင်ငံရှိ ဟူတီသူပုန်တပ်ဖွဲ့ဝင်များက မကြာခဏပစ်ခတ်တိုက်ခိုက်မှုပြုလုပ်ခဲ့သည့် နောက်ဆုံး တိုက်ခိုက်မှုတစ်ခုဖြစ်ကြောင်း သိရသည်။ ယင်းတိုက်ခိုက်မှုအများစုသည် ၎င်းတို့၏ ပစ်မှတ်ဆီသို့ မရောက်ရှိမီ လမ်းခုလပ်မှာပင် ကြိမ်ဖန်များစွာ ပျက်စီးသွားခဲ့ရကြောင်း သိရသည်။

ယီမင်နိုင်ငံသမ္မတ Abd-Rabbu Mansour Hadi ၏ အစိုးရအဖွဲ့ကို ထောက်ခံသောအားဖြင့် ဆော်ဒီအာရေးဗျနိုင်ငံက ဦးဆောင်၍ ၂၀၁၅ ခုနှစ်မှစတင်ကာ ယီမင်နိုင်ငံရှိ ဟူတီပြည်သူ့စစ်သူပုန်အဖွဲ့အပေါ် စစ်ပွဲတစ်ခု ဆင်နွှဲနေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
Bomb-laden drone falls at school in Saudi border city Asir
RIYADH, June 13 (Xinhua) — A bomb-laden drone fell on Sunday at a school in the Saudi border city Asir, the Saudi Civil Defense Ministry said.
The ministry’s spokesman Captain Abduljalil Al Jilban revealed that no injury was reported in the latest Houthi militia’s attack, according to the Saudi Press Agency.
The incident was the latest of the frequent attacks launched by Yemeni Houthi rebels against Saudi targets, especially border cities. Most of the attacks had been foiled before reaching their targets.
Saudi Arabia has been leading a war in Yemen against Houthi militia since 2015, in support of the government of Yemeni President Abd-Rabbu Mansour Hadi. Enditem