Connect with us

Africa & Middle East

တူရကီနိုင်ငံ၌ ဆီးရီးယားဒုက္ခသည် ၃ ဒသမ ၇ သန်းကျော်ရှိ

အစ္စတန်ဘူလ် ၊ အောက်တိုဘာ ၆ ရက်(ဆင်ဟွာ)

တူရကီနိုင်ငံ၌ မှတ်ပုံတင်ထားသည့် ဆီးရီးယားဒုက္ခသည်အရေအတွက်သည် ၃ ဒသမ ၇ သန်းကျော်လွန်သွားပြီ ဖြစ်ကြောင်း အောက်တိုဘာ ၅ ရက်တွင် ထုတ်ပြန်သည့် စက်တင်ဘာလထိ တရားဝင်အချက်အလက်များအရ သိရသည်။တူရကီနိုင်ငံရှိ ဆီးရီးယားဒုက္ခသည်ဦးရေ၏ ၁ ဒသမ ၇၆ သန်း သို့မဟုတ် ၄၇ ရာခိုင်နှုန်းသည် အသက် ၁၈ နှစ်အောက် ကလေးများ ဖြစ်ကြောင်း ရွှေ့ပြောင်းသွားလာမှုစီခံခန့်ခွဲရေး အထွေထွေညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။

တူရကီနိုင်ငံ၏ လူဦးရေအများဆုံး အစ္စတန်ဘူလ်မြို့၌ ဆီးရီးယားဒုက္ခသည်ဦးရေသည် အမြင့်ဆုံး အဖြစ် ၅၃၃,၀၀၀ နီးပါး ရှိပြီး နိုင်ငံအရှေ့တောင်ပိုင်း Gaziantep နှင့် Hatay ပြည်နယ်တို့၌ ဆီးရီးယားဒုက္ခသည် ဦးရေ ၄၅၈,၀၀၀ ဦး နှင့် ၄၃၇,၀၀၀ ဦး အသီးသီးရှိကြောင်း သိရသည်။

ဆီးရီးယားနိုင်ငံ ပြည်တွင်းစစ်မှ ထွက်ပြေးလာသည့် ဒုက္ခသည်များသည် တူရကီနိုင်ငံ အရှေ့တောင်ပိုင်း ဆီးရီးယားနယ်စပ်အနီးရှိ ဒုက္ခသည်စခန်းများ၌ ပထမတွင် လက်ခံထားသော်လည်း ၎င်းတို့သည် နောက်ဆုံးတွင် တူရကီနိုင်ငံအနှံ့ ပြန့်ကျဲသွားကြောင်း သိရသည်။

ဆီးရီးယားဒုက္ခသည်များအနက် ၉၈ ဒသမ ၆ ရာခိုင်နှုန်းသည် ယခုအခါ မြို့များ၌ နေထိုင်ကြကြောင်း အချက်အလက်များတွင် ဖော်ပြထားသည်။ ဆီးရီးယားဒုက္ခသည်အရေအတွက်သည် ၂၀၁၆ ခုနှစ်တွင် ၂ ဒသမ ၈ သန်း ရှိရာမှ ၂၀၂၀ ပြည့်နှစ်တွင် ၃ ဒသမ ၆ သန်းအထိ မြင့်လာခဲ့ကြောင်း သိရသည်။

၂၀၁၆ ခုနှစ်မှစ၍ ဆီးရီးယားဒုက္ခသည် ၄၆၂,၀၂၆ ဦးသည် ၎င်းတို့၏ နေရပ်များသို့ ပြန်သွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက အစောပိုင်းတွင် ကြေညာခဲ့သည်။
ဥရောပသို့ ခိုလှုံခွင့်တောင်းခံသူများအတွက် အဓိကကူးပြောင်းသည့် နေရာဖြစ်သော တူရကီနိုင်ငံ၌ ဆီးရီးယား ၊ အာဖဂန်နစ္စတန် ၊ အီရတ် ၊ အီရန် နှင့် အာဖရိကနိုင်ငံများမှ ဒုက္ခသည်များအပါအဝင် ဒုက္ခသည် ၄ သန်းကျော် ရှိကြောင်း သိရသည်။ (Xinhua)

——————————————
(English Versiion)
Number of Syrian refugees surpasses 3.7 mln in Turkey

ISTANBUL, Oct. 5 (Xinhua) — The number of registered Syrian refugees in Turkey surpassed 3.7 million, an official data updated in September revealed on Tuesday.
The General Directorate of Migration Management reported that 1.76 million of the Syrian refugee population in the country, or 47 percent of them, are children aged below 18.

Turkey’s most crowded city Istanbul has the highest number of Syrians at nearly 533,000, followed by the southeastern provinces of Gaziantep and Hatay, having 458,000 and 437,000 refugees respectively.

Syrian refugees, fleeing from the civil war in their country, were first hosted in several camps established near the Syrian border in southeastern Turkey, but they later scattered across the country.
The data showed that 98.6 percent of them now live in cities.

In 2020, their number was recorded as 3.6 million, up from 2.8 million in 2016.The Interior Ministry earlier announced that 462,026 Syrians have returned to their hometowns since 2016.
Turkey, a key transit point for asylum seekers on their way to Europe, is home to over 4 million refugees, including Syrians, Afghans, Iraqis, Iranians, and many from several African countries. Enditem