Connect with us

North America

မြက်ခင်းများ လျင်မြန်စွာ မီးလောင်ကျွမ်းမှုအတွက် အမေရိကန်နိုင်ငံ၊ ကော်လိုရာဒိုပြည်နယ်အုပ်ချုပ်ရေးမှူးက အရေးပေါ်အခြေအနေကြေညာ

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်း၊ Riverside ကောင်တီ၌ တောမီးလောင်ကျွမ်းမှုကို မီးငြှိမ်းသတ်နေသည့် မီးသတ်သမားများအား ၂၀၂၀ပြည့်နှစ်၊ သြဂုတ် ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လော့စ်အိန်ဂျလိစ်၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ် ကောင်တီတစ်ခု၌ လေပြင်းတိုက်ခတ်မှုကြောင့် မြက်ခင်းများ လျင်မြန်စွာ မီးလောင်ကျွမ်းလျက်ရှိရာ ထောင်ပေါင်းများစွာသော ဒေသခံများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် ညွှန်ကြားခဲ့ပြီး အုပ်ချုပ်ရေးမှူး Jared Polis က ဒီဇင်ဘာ ၃၀ ရက်တွင် အရေးပေါ် အခြေအနေ ကြေညာခဲ့ကြောင်း သိရသည်။

အဆိုပါကြေငြာချက်က Boulder ကောင်တီတွင် အရေးပေါ်တုန့်ပြန်ရေးကြိုးပမ်းအားထုတ်မှုများ ပံ့ပိုးရန် သဘာဝဘေးအန္တရာယ် အရေးပေါ်ရန်ပုံငွေများ ရရှိရန်နှင့် ကော်လိုရာဒို အမျိုးသားတပ်ဖွဲ့၊ ကော်လိုရာဒို မီးဘေးကာကွယ်ဆေးရေးနှင့် ထိန်းချုပ်ရေးဌာန အသုံးပြုရေးနှင့် ပြည်နယ်အရေးပေါ်လည်ပတ်ရေးဌာန အသက်ဝင်ရေး အပါအဝင် နိုင်ငံ့အရင်းအမြစ်များ ပံ့ပိုးရန် ခွင့်ပြုထားကြောင်း အုပ်ချုပ်ရေးမှူးက ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကောင်တီအတွင်း တောမီးလောင်ကျွမ်းမှု အများအပြားကို တုံ့ပြန်ဆောင်ရွက်ရန်အတွက် Boulder အရေးပေါ် တုန့်ပြန်ရေးစင်တာကို အသက်သွင်းထားကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

လူပေါင်း ၁၉,၀၀၀ ဝန်းကျင်နေထိုင်သော Louisville မြို့အား ဘေးလွတ်ရာသို့ မဖြစ်မနေပြောင်းရွှေ့ရန် ညွှန်ကြားချက်အရ နေရာချထားပြီးဖြစ်ကြောင်းနှင့် မီးဘေးသင့်ပြည်သူများအတွက် အရေးပေါ်ကယ်ဆယ်ရေးစခန်း ၃ ခုဖွင့်ထားကြောင်း Boulder အရေးပေါ်တုန့်ပြန်ရေးဌာနမှ သိရသည်။ (Xinhua)

———————————–
(English Version)
U.S. Colorado governor declares state of emergency for fast-moving grass fires
LOS ANGELES, Dec. 30 (Xinhua) — Governor Jared Polis of the U.S. State of Colorado declared a state of emergency on Thursday due to fast-moving grass fires created by high winds in one county as thousands of residents were ordered to evacuate.
The declaration allows the state to access disaster emergency funds to support the emergency response efforts in Boulder County and provide state resources including the use of the Colorado National Guard, Colorado Division of Fire Prevention and Control and activation of the State Emergency Operations Center, said the governor in a statement.
Authorities said the Boulder Emergency Operations Center has been activated to respond to multiple wildland fires in the county.
The City of Louisville, home to around 19,000 residents, has been placed under mandatory evacuation order and three evacuation centers are open to people impacted by the fires, according to the Boulder Emergency Operations Center. Enditem