Connect with us

Africa & Middle East

ရှီက ဂမ်ဘီယာသမ္မတအဖြစ် ပြန်လည်ရွေးချယ်ခံရသည့် Adama Barrow အား ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့

ပေကျင်း၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (Xi Jinping) သည် Adama Barrow အား ဂမ်ဘီယာသမ္မတအဖြစ် ပြန်လည်အရွေးခံရခြင်းအတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာကို ဒီဇင်ဘာ ၂၄ ရက်တွင်ပေးပို့ခဲ့သည်။တရုတ်နှင့် ဂမ်ဘီယာ သံတမန်ဆက်ဆံရေး ပြန်လည်စတင်ချိန်မှစ၍ နှစ်နိုင်ငံသည် နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှု ပိုမိုနက်ရှိုင်းလာခဲ့ပြီး နယ်ပယ်အသီးသီးတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုသည် အသီးအပွင့်များ ဖြစ်ထွန်းလာကာ ၎င်းတို့၏ ပင်မအကျိုးစီးပွားများနှင့် အဓိကစိုးရိမ်မှုများ ပါဝင်သည့် ကိစ္စရပ်များတွင် နှစ်ဦးနှစ်ဖက် နားလည်မှုနှင့် ပံ့ပိုးကူညီမှုများ ပေးအပ်ခဲ့ကြကြောင်း ရှီက သဝဏ်လွှာတွင်ပြောကြားခဲ့သည်။

တရုတ်-ဂမ်ဘီယာ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးကို အထူးအလေးထားပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးအပြင် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်၏ မူဘောင်အတွင်း ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေရန် တရုတ်နိုင်ငံအနေဖြင့် Barrow နှင့် လက်တွဲဆောင်ရွက်သွားရန် အဆင်သင့်ရှိနေပြီဖြစ်ပြီး နှစ်နိုင်ငံနှင့် ၎င်းတို့၏ ပြည်သူများအတွက် အကျိုးကျေးဇူးများ ဖန်တီးပေးမည်ဖြစ်ကြောင်း ရှီက သဝဏ်လွှာတွင် ဖြည့်စွက်ဖော်ပြထားသည်။ (Xinhua)

————————————–
(English Version)
Xi congratulates Adama Barrow on reelection as Gambian president

BEIJING, Dec. 24 (Xinhua) — Chinese President Xi Jinping on Friday sent a congratulatory message to Adama Barrow on the latter’s reelection as Gambian president.
In his message, Xi said that since China and Gambia resumed diplomatic relations, their political mutual trust has kept deepening, bilateral cooperation in various fields has borne rich fruit, and the two sides have offered each other understanding and support on issues involving their respective core interests and major concerns.

Xi added that he attaches great importance to the development of China-Gambia relations, and stands ready to work with Barrow to deepen bilateral collaboration as well as cooperation within the framework of the Forum on China-Africa Cooperation, so as to create benefits for both countries and their people. Enditem

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.