Connect with us

Europe

အိုင်ယာလန်နိုင်ငံက နိုင်ငံအတွင်း ဝင်ရောက်လာသူ အားလုံးအတွက် COVID-19 ရောဂါ ကင်းရှင်းကြောင်း စစ်ဆေးမှုရလဒ် လိုအပ်သည်ဟု ကြေညာ

ဒပ်ဗလင်၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ)

အိုင်ယာလန်နိုင်ငံသည် ဒီဇင်ဘာ ၃ ရက်မှစ၍ နိုင်ငံအတွင်း ဝင်ရောက်လာရောက်သူအားလုံးအနေဖြင့် COVID-19 ရောဂါကင်းစင်ကြောင်း ဆေးစစ်ချက် လိုအပ်မည်ဟု အိုင်ယာလန်အစိုးရက နိုဝင်ဘာ ၃၀ ရက်၌ ကြေညာခဲ့သည်။COVID-19 ကာကွယ်ဆေးအပြည့်အဝထိုးနှံထားသူ သို့မဟုတ် လွန်ခဲ့သော ၆ လအတွင်းက ရောဂါဖြစ်ပွားမှုမှ ပြန်လည်ကျန်းမာလာသူ ခရီးသည်များအနေဖြင့် အိုင်ယာလန်နိုင်ငံအတွင်းသို့ မဝင်ရောက်မီ ၄၈ နာရီအတွင်း antigen စစ်ဆေးမှုမှ ရောဂါမရှိကြောင်း အသိအမှတ်ပြုရလဒ် တင်ပြရန် လိုအပ်မည်ဟု အစိုးရ၏ ထုတ်ပြန်ချက်အရ သိရသည်။

ကာကွယ်ဆေးအပြည့်အဝမထိုးနှံရသေးသူများအနေဖြင့် ၎င်းတို့ ဆိုက်ရောက်ခြင်းမပြုမီ ၇၂ နာရီအတွင်း ရောဂါကင်းရှင်းကြောင်း PCR ဆေးစစ်မှုရလဒ် တင်ပြရန်လိုအပ်မည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ယခုဆောင်ရွက်ချက်အသစ်သည် အနည်းဆုံး သီတင်းပတ်နှစ်ပတ်ကြာ ကာလအဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ကူးစက်ရောဂါဆိုင်ရာ အခြေအနေအလုံးစုံ ဆောင်ရွက်ပြီးနောက် တွင် ယင်းဆောင်ရွက်ချက်ကို ဖယ်ရှားရန် သုံးသပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ယင်းသို့ဆောင်ရွက်ခြင်းသည် တောင်အာဖရိကနိုင်ငံ၌ ပထမဆုံးတွေ့ရှိခဲ့သော COVID-19 မျိုးဗီဇကွဲဗိုင်းရပ်စ်အသစ် အိုမီခရွန် (Omicron) ပျံ့နှံ့မှုကို ကာကွယ်ရန် အိုင်ယာလန် အစိုးရက နောက်ဆုံးကြိုးပမ်းအားထုတ်မှုများအနက် တစ်ခု ဖြစ်သည်။

အိုင်ယာလန်နိုင်ငံတွင်မူ အိုမီခရွန် ဗိုင်းရပ်စ်ကူးစက်မှု မရှိသေးပေ။

အိုင်ယာလန်အစိုးရအနေဖြင့် လက်ရှိတွင် တောင်အာဖရိကနှင့် အနီးဝန်းကျင်နိုင်ငံ ၆ နိုင်ငံအား “အန္တရာယ်မြင့်မား” အဆင့်သို့ ထည့်သွင်းထားကြောင်းနှင့် ယင်းနိုင်ငံများမှ လာရောက်သည့် ခရီးသွားများအတွက် ပြည်ဝင်ခွင့် ယာယီပိတ်ထားကြောင်း သိရသည်။

အဆိုပါ နိုင်ငံများမှ နေရပ်ပြန်လာသော အိုင်ယာလန်နိုင်ငံသားများအားလုံးအနေဖြင့် PCR စစ်ဆေးမှု နှစ်ကြိမ်ခံယူရန်ခြင်းနှင့်အတူ ၁၀ ရက် ကြာ သီးခြားနေထိုင်ရမည်ဖြစ်သည်။

အိုင်ယာလန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနဖော်ပြချက်အရ နိုဝင်ဘာ ၃၀ ရက်၌ COVID-19 ရောဂါဖြစ်ပွားမှုအသစ် ၅,၄၇၁ ဦးရှိခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………………….
(English Version)

Ireland to require negative COVID-19 test result for all arrivals

Source: Xinhua| 2021-12-01 10:22:26|Editor: huaxia
DUBLIN, Nov. 30 (Xinhua) — A negative COVID-19 test result will be required for all people coming to Ireland starting from Friday, announced the Irish government on Tuesday.
Passengers who have been fully vaccinated against COVID-19 or have recovered from the disease in the past six months will also be required to provide a certified negative result from an antigen test taken within 48 hours before their arrival, according to a statement issued by the government.

A proof of a negative PCR test result taken within 72 hours before arrival will be required for those who have not been fully vaccinated, said the statement.
The new measure will apply for a minimum period of two weeks, it said, adding that it will be “kept under review with a view to removal as soon as possible thereafter taking account of the overall epidemiological situation.”

The measure is one of the latest efforts made by the Irish government to prevent the spread of the new COVID-19 variant Omicron which was first detected in South Africa.
So far, no cases of Omicron have been reported in Ireland.

The Irish government has recently put South Africa and its six neighbouring countries on a “high-risk” list, temporarily closing doors for travelers coming from these countries.
It has also ruled that all Irish residents returning home from these countries shall self-isolate for ten days with two PCR tests needed to be taken during the period.
The Irish Department of Health on Tuesday reported 5,471 new cases of COVID-19, a level only seen during the peak time of the pandemic in early January. Enditem

Photo : Closed shops are seen along a street in downtown Dublin, Ireland, March 26, 2020. Another ten people died from COVID-19 in Ireland while 255 new cases of the coronavirus infection were confirmed in the country on Thursday, according to the Department of Health. To date, there have been 19 COVID-19-related deaths and 1,819 confirmed cases of COVID-19 in Ireland. (Xinhua)