Connect with us

Asia

အကျပ်အတည်းဖြစ်ပွားနေစဉ် သီရိလင်္ကာအစိုးရအဖွဲ့ ဝန်ကြီးသစ် ၁၇ ဦး ကျမ်းသစ္စာကျိန်ဆို

သီရိလင်္ကာနိုင်ငံဝန်ကြီးချုပ် Mahinda Rajapaksa (ဝဲ) က သီရိလင်္ကာနိုင်ငံသမ္မတ Gotabaya Rajapaksa (ယာ) ရှေ့မှောက်၌ ဗုဒ္ဓဘာသာဓလေ့ထုံးတမ်းအစဉ်အလာအတိုင်း ကျမ်းသစ္စာကျိန်ဆိုနေသည်ကို ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၁၂ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

ကိုလံဘို ၊ ဧပြီ ၁၈ ရက်(ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံ၌ နိုင်ငံရေးမတည်ငြိမ်မှု နှင့် ဆိုးရွားသော စီးပွားရေးအကျပ်အတည်းတစ်ခုရင်ဆိုင်ကြုံတွေ့နေရစဉ်အတွင်းမှာပင် ယနေ့(ဧပြီ ၁၈ ရက်) တွင် အစိုးရအဖွဲ့ထဲသို့ ဝန်ကြီးအသစ် ၁၇ ဦး ကျမ်းသစ္စာကျိန်ဆိုမှုပြုလုပ်၍ ဝင်ရောက်ခဲ့ကြောင်း သိရသည်။သီရိလင်္ကာအစိုးရအဖွဲ့အား ရာထူးမှနုတ်ထွက်ပေးရန် အများပြည်သူဆန္ဒပြတောင်းဆိုမှုများ ဆက်လက်ဖြစ်ပွားနေသဖြင့် သမ္မတ Gotabaya Rajapaksa ၊ ၎င်း လိုလားသော သီရိလင်္ကာ အာဏာရပါတီမှ လူငယ်လွှတ်တော်အမတ်များ နှင့်အတူ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ အကြား ရက်အတန်ကြာညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ပြီးနောက်တွင် ယခုကဲ့သို့ အစိုးရအဖွဲ့ဝန်ကြီးသစ်များ ကျမ်းသစ္စာကျိန်ဆိုမှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ကျမ်းသစ္စာကျိန်ဆိုသူများထဲတွင် လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီး အဖြစ် Kanchana Wijesekera ၊ ပြန်ကြားရေးဝန်ကြီးဌာနဝန်ကြီး အဖြစ် Nalaka Godahewa ၊ ကျန်းမာရေး ဝန်ကြီးဌာန ဝန်ကြီး အဖြစ် Channa Jayasumana ၊ ဆိပ်ကမ်း နှင့် ရေကြောင်းပို့ဆောင်ရေးဝန်ကြီးဌာနဝန်ကြီး အဖြစ် Pramitha Tennakoon နှင့် ပြည်သူ့လုံခြုံရေး နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် Prasanna Ranatunga တို့ပါဝင်ကြောင်း သမ္မတရုံး သတင်းထုတ်ပြန်ရေးဌာန၏ ဖော်ပြချက်အရ သိရသည်။

ယခုလအစောပိုင်းကတည်းက ကျမ်းသစ္စာကျိန်ဆိုခဲ့သည့် Ali Sabry က ၎င်း၏ မူလရာထူးဖြစ်သည့် ဘဏ္ဍာရေးဝန်ကြီးအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

သီရိလင်္ကာနိုင်ငံတွင် နိုင်ငံရေးမတည်ငြိမ်မှု နှင့် ဆိုးရွားသော စီးပွားရေးအကျပ်အတည်းတစ်ခုဖြစ်ပေါ်နေခြင်းကြောင့် ယခုလအစောပိုင်းတွင် ယခင်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ရာထူးမှ အသီးသီးနုတ်ထွက်သွားခဲ့သဖြင့် ယခုကဲ့သို့ အစိုးရအဖွဲ့ ဝန်ကြီးအသစ်များ ပြန်လည် ခန့်အပ် တာဝန်ပေးခဲ့ရခြင်းဖြစ်သည်။

သီရိလင်္ကာနိုင်ငံတွင် အစိုးရအဖွဲ့ရာထူးမှနုတ်ထွက်ရန် သို့မဟုတ် စားနပ်ရိက္ခာ ကယ်ဆယ် ထောက်ပံ့ရေးအစီအစဉ် အမြန်ဆုံး လုပ်ဆောင်ပေးရန် တောင်းဆိုချက်များနှင့်အတူ ပြည်သူ့ဆန္ဒပြပွဲများ ရက်သတ္တပတ်ပေါင်းများစွာဖြစ်ပွားလျက်ရှိကြောင်း သိရသည်။(Xinhua)

#Sri Lanka, #cabinet, #sworn, #xinhua, #xinhuamyanmar, #
#သီရိလင်္ကာ,#အစိုးရအဖွဲ့,#ကျမ်းကျိန်,#ဆင်ဟွာ,#ဆင်ဟွာမြန်မာ

————————–
(English Version)

17 new ministers sworn into Sri Lanka’s cabinet amid crisis
COLOMBO, April 18 (Xinhua) — Seventeen new ministers were sworn into the Sri Lankan cabinet on Monday as the nation faced political instability and a severe economic crisis.
The new cabinet was sworn in after days of discussions with political parties as President Gotabaya Rajapaksa had wanted younger parliamentarians from the ruling party to take portfolios as public protests continued calling on the government to step down.
According to the President’s Media Division, some of the new parliamentarians who were sworn in include Kanchana Wijesekera as the power and energy minister, Nalaka Godahewa as the media minister, Channa Jayasumana as the health minister, Pramitha Tennakoon as the ports and shipping minister and Prasanna Ranatunga as the public security and tourism minister.
Ali Sabry who was sworn into the post earlier this month will continue to be the finance minister.
The new cabinet was appointed after the previous cabinet of ministers resigned earlier this month due to political instability in the country following a severe economic crisis.
Sri Lanka has been facing public protests for weeks, with protestors urging the government to step down or provide immediate relief. Enditem

Photo- Prime Minister Mahinda Rajapaksa (L), appointed as the minister of finance, urban development, housing, buddhist affairs, religious and cultural affairs, takes oaths in front of President Gotabaya Rajapaksa (R) in a grand ceremony in Kandy, Sri Lanka, Aug. 12, 2020.