Connect with us

ASEAN

COVID-19 ကာကွယ်ဆေးသုတေသနတွင် တရုတ်နှင့် မလေးရှား ပူးပေါင်းဆောင်ရွက်မည်ဟု မလေးရှား နိုင်ငံခြားရေးဝန်ကြီး ပြော

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ Cheras ခရိုင်၊ Pudu ဟင်းသီးဟင်းရွက်နှင့် အသား၊ငါးဈေးဧရိယာရှိ ကလေးငယ်အား COVID-19 ရောဂါစစ်ဆေးမှုပြုလုပ်နေသည်ကို ၂၀၂၀ ပြည့်နှစ် မေ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကွာလာလမ်ပူ၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ)

မလေးရှားနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် ကာကွယ်ဆေး သုတေသန၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ထုတ်လုပ်မှုတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah ၏ ပြောကြားချက်အား ကိုးကား၍ The Star က မကြာသေးမီက သတင်းဖော်ပြခဲ့သည်။

အဆိုပါ ပူးပေါင်းဆောင်ရွက်မှုသည် နိုင်ငံ၏ အမျိုးသား ကာကွယ်ဆေး ဖွံ့ဖြိုးတိုးတက်မှု လမ်းပြမြေပုံတွင် ဖော်ပြထားသည့်အတိုင်း ကိုယ်ပိုင်ကာကွယ်ဆေးများ ထုတ်လုပ်နိုင်ရေးအတွက် မလေးရှားနိုင်ငံ၏ ရည်မှန်းချက်အား ဖြည့်ဆည်းသွားမည်ဖြစ်ကြောင်း Saifuddin က ပြောကြားခဲ့သည်။

အဆိုပါ လမ်းပြမြေပုံအား မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အစ္စမေး ဆာဘရီ ဘင် ဟာကော့ (Ismail Sabri Yaakob) က မကြာသေးမီက ကြေညာခဲ့ခြင်းဖြစ်သည်။

“အချက်အလက် သုတေသနနှင့် R&D စင်တာတွေ အပါအဝင် မလေးရှားနိုင်ငံမှာ တရုတ်နိုင်ငံမှ အရေးပါသောကာကွယ်ဆေး ကုမ္ပဏီတွေကို ကြိုဆိုပါတယ်” ဟု Abdullah က တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် တရုတ်နိုင်ငံ၌ အောက်တိုဘာ ၄ ရက်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် အန်းကျီမြို့ရှိ တရုတ်-မလေးရှား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတို့က ပူးတွဲသဘာပတိပြုလုပ်ခဲ့သော အဆင့်မြင့်ကော်မတီ၏ ပထမဆုံးအစည်းအဝေးကျင်းပချိန်၌ ကပ်ရောဂါ တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု ဆက်လက်ဆောင်ရွက်ရန် သဘောတူခဲ့ကြကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
China, Malaysia to collaborate in COVID-19 vaccine research, says Malaysian FM
Source: Xinhua| 2021-12-07 11:13:15|Editor: huaxia
KUALA LUMPUR, Dec. 7 (Xinhua) — Malaysia and China would collaborate in vaccine research, development and production, The Star recently quoted Malaysian Foreign Minister Saifuddin Abdullah as saying.
Saifuddin said the collaboration will fulfill Malaysia’s aspiration to be able to produce its own vaccines as expressed in Malaysia’s National Vaccine Development Roadmap.
The roadmap was recently announced by the country’s Prime Minister Ismail Sabri Yaakob.
“Malaysia welcomes prominent vaccine companies from China to set up their production plants in Malaysia which include data research and R&D centres,” Abdullah said in a joint press conference with Chinese State Councilor and Foreign Minister Wang Yi in China on Saturday.
The two sides agreed to continue anti-pandemic cooperation when the two ministers co-chaired the first meeting of the high-level committee on China-Malaysia cooperation in Anji in east China’s Zhejiang Province. Enditem
Photo : A child of Pudu Wet Market area takes COVID-19 test in Cheras, Kuala Lumpur, Malaysia, May 5, 2020. Malaysia reported 30 new COVID-19 cases on Tuesday, its lowest daily increase since the country implemented the movement control order on March 18. (Photo by Chong Voon Chung/Xinhua)