Connect with us

Asia

အာဆီယံက ကုန်သွယ်မှုမြှင့်တင်ရန် ဒေသတွင်းကွန်ရက်ချိတ်ဆက်မှု အဆင့်မြှင့်တင်ရေး တွန်းအားပေး

လာအိုနိုင်ငံ လွမ်ပရာဗန်မြို့ရှိ ပြုပြင်ထိန်းသိမ်းရေးစင်တာတစ်ခုအား ဖြတ်သန်းသွားသော တရုတ်-လာအိုရထားလုပ်ငန်း၏ Lane Xang ခရီးသည်တင်ရထားကို ၂၀၂၃ ခုနှစ် မတ် ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဗီယင်ကျန်း၊ မတ် ၆ ရက် (ဆင်ဟွာ)

အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) မှ အဆင့်မြင့်အရာရှိများသည် လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်းတွင် တွေ့ဆုံခဲ့ကြကာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေး တိုးတက်မှုရှိစေရန် ဒေသတွင်း ကွန်ရက်ချိတ်ဆက်မှုကို တွန်းအားပေးခဲ့ကြကြောင်း သိရသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များသည် အာဆီယံ သယ်ယူပို့ဆောင်ရေး အဆင်ပြေချောမွေ့စေရေး လုပ်ငန်းအဖွဲ့၏ ၄၆ ကြိမ်မြောက် အစည်းအဝေးအတွက် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၌ စုဝေးရောက်ရှိခဲ့ကြကြောင်း လာအိုနိုင်ငံပိုင် ရုပ်မြင်သံကြားက မတ် ၅ ရက်၌ သတင်းဖော်ပြခဲ့သည်။

ထိုအစည်းအဝေးက အာဆီယံဒေသတစ်ခွင် သယ်ယူပို့ဆောင်ရေး မြှင့်တင်ရာတွင် အဓိကအကြောင်းအရာများနှင့် စီမံကိန်းများကို ဆွေးနွေးခဲ့ခြင်းကြောင့် အ‌ရေးပါကြောင်း အစည်းအဝေးတက်ရောက်လာသူများက သုံးသပ်ခဲ့ကြသည်။
ထို့ပြင် ယင်းအစည်းအဝေးတွင် ၂၉ ကြိမ်မြောက် အာဆီယံ သယ်ယူပို့ဆောင်ရေးဝန်ကြီးများ အစည်းအဝေး၊ ၅၆ ကြိမ်မြောက် အာဆီယံ သယ်ယူပို့ဆောင်ရေး အဆင့်မြင့်အရာရှိများအစည်းအဝေးနှင့် အခြား အာဆီယံ ညှိနှိုင်းရေးအဖွဲ့များ၏ ဆက်စပ်အစည်းအဝေးအတွက် လိုအပ်ချက်များကို သုံးသပ်ခြင်းနှင့် နောက်ဆက်တွဲလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

……………………………………..
(English Version)
ASEAN pushes for improved regional connectivity to boost trade
VIENTIANE, March 5 (Xinhua) — Senior officials from the Association of Southeast Asian Nations (ASEAN) have met in Lao capital Vientiane, with participants pushing for improved regional connectivity to spur investment and trade.
Delegations from the ASEAN countries gathered here for the 46th meeting of the ASEAN Transport Facilitation Working Group, Lao national TV reported on Tuesday.
The gathering is viewed as significant because senior officials debated key matters and initiatives aimed at improving transport across the ASEAN region.
The meeting reviewed and followed up the requirements of the 29th ASEAN Transport Ministers Meeting, the 56th ASEAN Senior Transport Officials Meeting, and other relevant meetings of ASEAN coordinating bodies.
Photo: The Lane Xang passenger train of the China-Laos Railway runs past a maintenance center in Luang Prabang, Laos, March 30, 2023. (Photo by Zhou Xing/Xinhua)