Connect with us

ASEAN

Sinovac, Sinopharm ကာကွယ်ဆေးများအား ကလေးများတွင် အသုံးပြုရန် ထိုင်း ကျန်းမာရေးအာဏာပိုင်များ ခွင့်ပြု

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန် စောင့်ဆိုင်းနေသူများအား ၂၀၂၁ ခုနှစ် ဇူလိုင် ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ အစားအသောက်နှင့် ဆေးဝါးဦးစီးဌာန (FDA) က တရုတ်နိုင်ငံ၏ Sinovac နှင့် Sinopharm ကိုဗစ်-ရောဂါ ကာကွယ်ဆေးများကို အသက် ၆ နှစ်နှင့်အထက် ကလေးများအတွက် အသုံးပြုရန် ခွင့်ပြုကြောင်း ဖေဖော်ဝါရီ ၄ ရက်က ပြောကြားခဲ့သည်။

ယခင်က FDA အနေဖြင့် ၎င်းကာကွယ်ဆေးနှစ်မျိုးကို အသက် ၁၈ နှစ်နှင့်အထက်ရှိသူများတွင်သာ အသုံးပြုရန် ခွင့်ပြုထားခြင်းဖြစ်သည်။

ထိုင်းနိုင်ငံက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးမြှင့်တင်ရန် ကာကွယ်ဆေးပေါ်ထွက်လာရေး အရှိန်မြှင့်တင်သည့်အနေဖြင့် FDA ကြေညာချက် ပေါ်ထွက်လာခြင်းဖြစ်သည်။

ထိုင်းနိုင်ငံသည် ဖေဖော်ဝါရီ ၄ ရက်က တစ်ရက်အတွင်း ရောဂါအတည်ပြုလူနာအသစ် ၉,၉၀၉ ဦးရှိခဲ့ရာ သုံးလအတွင်း နေ့စဉ်ရောဂါကူးစက်မှုအရေအတွက် အမြင့်ဆုံးဖြစ်ခဲ့ပြီး စုစုပေါင်း ရောဂါကူးစက်မှု အရေအတွက်မှာ ၂.၄၇ သန်း ရှိပြီဖြစ်ကြောင်း ကိုစ်-၁၉ ရောဂါ အခြေအနေဆိုင်ရာ စင်တာ (CCSA) အရ သိရသည်။

ဖေဖော်ဝါရီ ၄ ရက်အထိ ထိုင်းနိုင်ငံ လူဦးရေ သန်း ၇၀ နီးပါးအနက် ၇၀.၁ ရာခိုင်နှုန်းမှာ ကာကွယ်ဆေး အပြည့်အဝထိုးနှံထားပြီးဖြစ်ကြောင်းနှင့် ၂၁.၄ ရာခိုင်နှုန်းမှာမူ အားဖြည့်ကာကွယ်ဆေးများ ထိုးနှံထားပြီးဖြစ်ကြောင် သိရည်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် ထိုင်းနိုင်ငံ၏ FDA က Pfizer ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို အသက် ၅ နှစ်မှ ၁၁ နှစ်အရွယ်ကလေးငယ်များ၌ ထိုးနှံရန် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………

(English Version)
Thai health authorities approve Sinovac, Sinopharm vaccines for use in children
Source: Xinhua
Editor: huaxia
2022-02-04 23:15:15

BANGKOK, Feb. 4 (Xinhua) — Thailand’s Food and Drug Administration (FDA) said Friday that it has approved the use of China’s Sinovac and Sinopharm COVID-19 vaccines for people 6 years of age and older.
Previously, the FDA only permitted the two vaccines to be used on people aged 18 and above.
The FDA announcement came as the Southeast Asian country has been accelerating vaccine roll-out to step up protection against COVID-19.
On Friday, the country reported 9,909 new confirmed cases during the last 24 hours, the highest daily case tally in more than three months, raising the total number of infections to over 2.47 million, according to the Center for COVID-19 Situation Administration (CCSA).
As of Thursday, 70.1 percent of the country’s nearly 70-million population had been fully vaccinated, while 21.4 percent had received booster shots, according to the CCSA.
In December 2021, Thailand’s FDA gave the green light to allow children aged 5 to 11 to receive the Pfizer COVID-19 vaccine. ■

Photo : Citizens wait to receive COVID-19 vaccines in Bangkok, Thailand, July 9, 2021. Tougher restrictions are being imposed in Thailand’s capital and surrounding provinces in an effort to curb rapidly increasing COVID-19 infections. The announcement came after Thailand reported its second-highest daily record of 9,276 new COVID-19 cases on Friday, with 3,116 cases detected just in Bangkok. (Xinhua/Rachen Sageamsak)