Connect with us

Politics, Law & Military

လေကြောင်းလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအား သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဟု ပြည်ထောင်စု ဝန်ကြီးဆို

မြန်မာနိုင်ငံ အမျိုးသားမြို့ပြ လေကြောင်းလုံခြုံရေး ကော်မတီ၏ ဒုတိယအကြိမ် အစည်းအဝေးကျင်းပနေစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)

လေကြောင်းလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအား သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရမည် ဖြစ်ကြောင်း အမျိုးသားမြို့ပြ လေကြောင်းလုံခြုံရေး ကော်မတီဥက္ကဋ္ဌ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင်က ပြောကြားသည်။

မြန်မာနိုင်ငံ အမျိုးသားမြို့ပြ လေကြောင်းလုံခြုံရေး ကော်မတီ၏ ဒုတိယအကြိမ် အစည်းအဝေးကို ဇွန် ၂၈ ရက်နေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၌ ကျင်းပခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် အမျိုးသားမြို့ပြ လေကြောင်းလုံခြုံရေး ကော်မတီဥက္ကဋ္ဌ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိုင်ငံ တကာ လေဆိပ်သုံးခုကို Security Management Contract ပေးနိုင်ရေး ကိစ္စအပေါ် ဝိုင်းဝန်းဆွေးနွေး ပေးကြစေလိုကြောင်း၊ National Committee အနေဖြင့် မူဝါဒပိုင်းဆိုင်ရာများ ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ပြီး Working Committee အနေဖြင့် လုပ်ဆောင်ချက်များကို ကြီးကြပ် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ International Civil Aviation Organization (ICAO)၏ အဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့် အညီ လေကြောင်းလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအား သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ တက်ရောက်လာကြသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။

အမျိုးသားမြို့ပြ လေကြောင်း လုံခြုံရေး ကော်မတီ အတွင်းရေးမှူး လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် က လေကြောင်းဆိုင်ရာ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ ကော်မတီဖွဲ့စည်းမှုများ၊ ပြင်ဆင်ဖြည့်စွက် ဖွဲ့စည်းမှုများ၊ Security Management Contract ဆိုင်ရာ ကိစ္စရပ်များအား အသေးစိတ် ရှင်းလင်းတင်ပြရာ အစည်းအဝေး တက်ရောက်လာကြသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဝိုင်းဝန်းဆွေးနွေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.