Connect with us

Europe

ဗြိတိန်ဘုရင်မကြီး အဲလိဇဘက် (၂) ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ

ဗြိတိန် ဘုရင်မကြီး အဲလိဇဘက်(၂)အား ဘက်ကင်ဟမ်နန်းတော် အခမ်းအနားတစ်ခုတွင် ၂၀၂၁ ခုနှစ် အောက်တိုဘာ ၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

လန်ဒန်၊ဖေဖော်ဝါရီ ၂၁ ရက်(ဆင်ဟွာ)

ဗြိတိန်ဘုရင်မကြီး အဲလိဇဘက်(၂) သည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရကြောင်း ဗြိတိန်တော်ဝင်မိသားစုက ဖေဖော်ဝါရီ ၂၀ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ဘုရင်မကြီးသည် ပျော့ပျောင်းသည့်ရောဂါလက္ခဏာသာ ခံစားရကြောင်းနှင့် ဆေးကုသစောင့်ရှောက်မှုကို ဆက်လက်ခံယူသွားမည်ဖြစ်ပြီး သက်ဆိုင်ရာ သတ်မှတ်ချက်များကို လိုက်နာသွားမည် ဖြစ်ကြောင်း ဘက်ကင်ဟမ်နန်းတော်၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ဗြိတိန်ဘုရင်မကြီး၏ သားကြီး၊ အိမ်ရှေ့စံ ဝေလမင်းသား ချားလ်စ် သည် ယခုလ ၁၀ ရက်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရရာ ယခုအကြိမ်ကူးစက်မှုသည် ၂၀၂၀ပြည့်နှစ် မတ်လမှစပြီး ဒုတိယအကြိမ် ကူးစက်ခံရခြင်း ဖြစ်ကြောင်း သိရသည်။

ဗြိတိန်ဘုရင်မကြီး အဲလိဇဘက်(၂)သည် ယခုအခါ သက်တော် ၉၅ နှစ် ရှိပြီး သူ(မ)သည် ကိုဗစ်-၁၉ ကာကွယ်ဆေး ၃ ကြိမ် ထိုးနှံထားပြီးဖြစ်ကြောင်း သိရသည်။။ (Xinhua)

——————————-
(Chinese Version)

(国际疫情)英国女王新冠病毒检测呈阳性

2022-02-20 21:20:05 分类: 社会
新华社伦敦2月20日电(记者杜鹃 许凤)英国王室20日发表声明说,英国女王伊丽莎白二世新冠病毒检测结果呈阳性。
白金汉宫在声明中说,女王症状轻微,将“继续接受医疗看护并遵循所有相应规定”。
女王长子、英国威尔士亲王查尔斯王储本月10日确诊感染新冠病毒。这是2020年3月以来查尔斯第二次确诊感染新冠病毒。
伊丽莎白二世现年95岁。据媒体报道,她已接种3针新冠疫苗。(完)
图说1:这是2021年10月7日,英国女王伊丽莎白二世在英国伦敦白金汉宫出席公务活动的资料照片。 新华社记者 韩岩 摄