Connect with us

Africa & Middle East

ရက်အနည်းငယ်အတွင်း အာဖဂန်အစိုးရသစ် ကြေညာမည်ဖြစ်ကြောင်း တာလီဘန် ပြောခွင့်ရပုဂ္ဂိုလ်ပြော

ပါကစ္စတန်နိုင်ငံနှင့် အာဖဂန်နစစ္စတန်နိုင်ငံကြား Torkham နယ်စပ်အနီး အာဖဂန်ဘက်ခြမ်းတွင် အာဖဂန် တာလီဘန်အဖွဲ့ဝင်များ ကင်းလှည့်နေသည်ကို စက်တင်ဘာ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကဘူးလ်၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ)

တာလီဘန်ထိန်းချုပ်ရန် ကျန်ရှိနေသော တစ်ခုတည်းသောပြည်နယ် ပန်ဂျ်ရှီးယားပြည်နယ်အား သိမ်းပိုက်လိုက်ကြောင်း အတည်ပြုလိုက်ပြီးနောက် လာမည့် ရက်အနည်းငယ်အတွင်း အာဖဂန် အစိုးရသစ်ကို ကြေညာသွားမည်ဖြစ်ကြောင်း တာလီဘန် ပြောရေးဆိုခွင့်ရှိသူ Zabihullah Mujahid က စက်တင်ဘာ ၆ ရက်၌ ပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံ ပန်ဂျ်ရှီးယားပြည်နယ် အာနာဘာခရိုင်တွင် တာလီဘန်ဆန့်ကျင်ရေး အာဖဂန် တိုက်ခိုက်ရေးသမားများအား စက်တင်ဘာ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံအနေဖြင့် အစိုးရသစ်တစ်ရပ် ကြေညာရေး ပြင်ဆင်ဆောင်ရွက်နေသည့်အတွက် အိမ်စောင့်အစိုးရကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း Mujahid က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

အသေးစိတ်အချက်အလက်များနှင့် အစိုးရသစ် ဖွဲ့စည်းမည့် နေ့ရက်ကို မကြာမီ မျှဝေသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အစိုးရအနေဖြင့် အားလုံးပါဝင်ပြီး မျှော်မှန်းထားသော မျှော်လင့်ချက်ဖြစ်စေမည်ဖြစ်ကာ အာဖဂန်ပြည်သူများက နိုင်ငံ၏ အသွင်ကူးပြောင်းရေးတွင် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ယခင် အာဖဂန် စစ်တပ် အရာရှိများကိုလည်း အစိုးရသစ်ရှိ လုံခြုံရေးဌာနများတွင် ပါဝင်ရန် ဖိတ်ခေါ်သွားမည်ဟု အဆိုပါ တာဝန်ရှိသူက ဆိုသည်။

ထို့ပြင် တာလီဘန်အနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ခိုင်မာသောဆက်ဆံရေးရှိလာရန် မျှော်လင့်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။

ပန်ဂျ်ရှီးယားပြည်နယ် တိုက်ခိုက်မှုတွင် အရပ်သားများ ထိခိုက်မှုမရှိကြောင်း၊ ယင်းပြည်နယ်တွင် လျှပ်စစ်နှင့် အင်တာနက်များ မကြာမီ ပြန်လည်ရရှိမည်ဖြစ်ကြောင်း ပြောခွင့်ရပုဂ္ဂိုလ်က ဖြည့်စွက်ပြောကြားခဲ့သည်။

ထို့ပြင် အာဖဂန်နစ္စတန်နိုင်ငံတွင် စစ်ပွဲပြီးဆုံးပြီဖြစ်ကြောင်း ကြေညာလျက် ကဘူးလ်လေဆိပ်လည်း မကြာမီ အပြည့်အဝလည်ပတ်တော့မည်ဖြစ်ကြောင်း၊ နိုင်ငံတကာလေကြောင်းပျံသန်းမှုများ ကြိုးစားထူထောင်နေသဖြင့် စိတ်ရှည်ပေးကြရန်လည်း ၎င်းက ပြောခဲ့သည်။

တစ်ဆက်တည်းမှာပင် ဒုတိယသမ္မတ Amrullah Saleh သည် တာဂျစ်ကစ္စတန်နိုင်ငံသို့ ထွက်ပြေးသွားပြီဖြစ်ကြောင်း Mujahid က ပြောသည်။

ကဘူးလ်မြို့မှ ကီလိုမီတာ ၂၀၀ ခန့်အကွာရှိသော ပန်ဂျ်ရှီးယားပြည်နယ်သည် ဩဂုတ်လကုန်ပိုင်းက အာဖဂန်နစ္စတန်မှ အမေရိကန်တပ်ဖွဲ့ဝင်များ ထွက်ခွာချိန်မှစ၍ တာလီဘန်တို့ မထိန်းချုပ်နိုင်သေးသည့် နောက်ဆုံး ပြည်နယ်လည်း ဖြစ်သည်။ (Xinhua)

———————————–
(English Version)
Taliban spokesman says new Afghan gov’t to be announced in few days
2021-09-06 15:50:26
KABUL, Sept. 6 (Xinhua) — Taliban spokesman Zabihullah Mujahid said here on Monday that a new Afghan government will be announced in the next few days, after confirming that the group has taken over Panjshir, the only province that had remained out of Taliban’s control.
Afghanistan might form a caretaker government as the preparation was underway to announce the new administration, Mujahid told a press conference.
Details and date of formation for the new government will be shared soon, he said.
He said the government will be all-inclusive and expressed hope that the people of Afghanistan will help in the country’s transition.
Ex-Afghan military officials will be invited to join the security departments in the new government, said the spokesman.
He also made it clear that Taliban hopes to have strong relations with neighboring countries.
There were no civilian casualties during the fighting in Panjshir, the spokesman said, adding that electricity and the internet will resume in the province soon.
Declaring the war in Afghanistan over, he added that the Kabul airport will be fully functioning soon. He asked for patience as the group tries to establish international flights.
Meanwhile, Mujahid said he was told that Vice President Amrullah Saleh has fled to Tajikistan.
Panjshir, some 200 km north of Kabul, is the last province in Afghanistan uncontrolled by the Taliban since the U.S. troop’s pullout from the Central Asian country in late August. Enditem
Photo 1 – Afghan Taliban members patrol on Afghan side of the border near the border crossing point of Torkham between Pakistan and Afghanistan on Sept. 3, 2021. (Xinhua/Ahmad Kamal)
2 – Afghan anti-Taliban fighters patrol in Anaba District, Panjshir province, Afghanistan, on Sept. 1, 2021. (Photo by Arman/Xinhua)