Connect with us

Sport

ရွှေအောင်လံ မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ တွဲဆိုင်း ၇ ဆိုင်းဖြင့် ကျင်းပ

ရန်ကုန်မြို့ သိမ်ဖြူလက်ဝှေ့အားကစားရုံတွင် ဇွန် ၃ ရက် မွန်းလွဲပိုင်းက ကျင်းပခဲ့သည့် ရွှေအောင်လံ မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲ၌ ယှဉ်ပြိုင်ထိုးသတ်မှုများအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၃ ရက် (ဆင်ဟွာ)

မျိုးဆက်သစ် လက်ဝှေ့သမားများအပြင် ရွှေခါးပတ်ဆုရ လက်ဝှေ့သမားများ ပါ ဝင်ရောက်ယှဉ်ပြိုင်ကြသည့် ရွှေအောင်လံ မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲကို ဇွန် ၃ ရက် မွန်းလွဲပိုင်းက သိမ်ဖြူလက်ဝှေ့အားကစားရုံတွင် စတင်ကျင်းပခဲ့သည်။ဇွန်လ ၃ ရက်တွင် ကျင်းပသော ရွှေအောင်လံ မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲတွင် ဝိတ်တန်း ၄ ခု ထည့်သွင်းပြုလုပ်
ခဲ့ပြီး ၅၇ ကီလိုတန်း၊ ၆၀ ကီလိုတန်း၊ ၆၃.၅ ကီလိုတန်းနဲ့ ၆၇ ကီလိုတန်းများဖြင့် တွဲဆိုင်း ၇ ဆိုင်းယှဉ်ပြိုင်ထိုးသတ်ခဲ့ကြသည်။

အဆိုပါ ပြိုင်ပွဲကို ဇွန် ၃ ရက်တွင် ကွာတားဖိုင်နယ် ပထမနေ့ ၊ ဇွန် ၄ ရက်တွင် ကွာတားဖိုင်နယ် ဒုတိယနေ့၊ ဇွန် ၁၁ ရက်တွင် ဆီးမီးဖိုင်နယ်ပွဲစဉ်များနှင့် ဇွန် ၁၈ ရက်တွင် ဗိုလ်လုပွဲ ပွဲစဉ်များ ကျင်းပသွားမည်ဖြစ်သည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.