Connect with us

International Organizations

ဘရာဇီးနိုင်ငံ၊ ဆောပိုလိုပြည်နယ်၌ မိုသည်းထန်စွာရွာသွန်းမှုကြောင့် သေဆုံးသူ ၂၈ ဦးအထိမြင့်တက်လာ

ဘရာဇီးနိုင်ငံ၊ Bahia ပြည်နယ် Dario Meira မြို့ ၌ ရေလွှမ်းမိုးနေသည့် နေရာကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် ရိုက်ကူးထားသော ဓာတ်ပုံအားတွေ့ရစဉ် (ဆင်ဟွာ)

ဆောပိုလို၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ ဆော်ပိုလိုပြည်နယ်၌ ရက်သတ္တပတ်ကျော် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးမြေပြိုမှုများဖြစ်ပေါ်ခဲ့ရာမှ ပျောက်ဆုံးနေသောရုပ်အလောင်း ၃ဦးကို ထပ်မံရှာဖွေတွေ့ရှိမှုနှင့်အတူ သေဆုံးသူအရေအတွက် ၂၈ ဦးအထိ မြင့်တက်လာကြောင်း ဒေသဆိုင်ရာ အရပ်ဘက်ကာကွယ်ရေး အာဏာပိုင်များက ဖေဖော်ဝါရီ ၂ ရက်တွင် ပြောကြားခဲ့သည်။

မြေပြိုမှုကြောင့် နစ်မြုပ်ပျောက်ဆုံးနေသည့် အရွယ်မရောက်သေးသော ညီအစ်ကိုနှစ်ဦး၏ ရုပ်အလောင်း နှင့် သက်ကြီးရွယ်အို တစ်ဦး၏ ရုပ်အလောင်းတို့ကို ဆောပိုလို မြို့တော်နယ်နိမိတ် ဒေသရှိ Franco da Rocha မြူနီစီပယ်အဖွဲ့မှ မီးသတ်သမားများကတွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

Franco da Rocha မြူနီစီပယ်နှင့် Jau မြူနီစီပယ်၌ အနည်းဆုံး လူခုနစ်ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဆောပိုလို မီးသတ်ဌာနက ပြောကြားခဲ့သည်။

ဆောပိုလို ပြည်နယ်၌ ဇန်နဝါရီ ၂၉ ရက်က စတင်ပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့သောကြောင့် ရေကြီးခြင်းနှင့် မြေပြိုမှုများ ဖြစ်ပွားခဲ့ရာ မိသားစုပေါင်း ၆၀၀ ကျော်ကို ဘေးလွတ်ရာ သို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။

ဘရာဇီးသမ္မတ Jair Bolsonaro က ဖေဖော်ဝါရီ ၂ ရက်တွင် Franco da Rocha မြူနီစီပယ် နှင့် မုန်တိုင်းဒဏ်ခံခဲ့ရသော အခြားဒေသများသို့ သွားရောက်ခဲ့ပြီး အထောက်အပံ့များပေးအပ်ရန်ကတိပြုခဲ့ကြောင်း သိရသည်။ (Xinhua)

——————————
(English Version)
Death toll rises to 28 from heavy rains in Brazil’s Sao Paulo state
SAO PAULO, Feb. 2 (Xinhua) — The number of people killed in floods and landslides caused by heavy rains over the weekend in the Brazilian state of Sao Paulo rose to 28, after three more bodies of missing people were recovered, the local civil defense authority said Wednesday.
The bodies of two brothers, both minors, and an elderly man were found by firefighters in the municipality of Franco da Rocha in the Sao Paulo Metropolitan Region, in an area buried by a landslide, according to the report.
The Sao Paulo Fire Department said at least seven people were still missing in Franco da Rocha and in the municipality of Jau.
Sao Paulo state was hit with heavy rains starting Saturday that caused flooding and landslides, and forced the evacuation of more than 600 families.
Brazilian President Jair Bolsonaro on Tuesday visited Franco da Rocha and other areas affected by the storms and pledged aid. Enditem
Photo taken on Dec. 28, 2021 shows a flooded area in the city of Dario Meira, Bahia State, Brazil. (Photo by Lucio Tavora/Xinhua)