Connect with us

COVID-19 UPDATES

ဆွစ်ဇာလန်နိုင်ငံ၌ COVID-19 ဆိုင်ရာ တရားဝင်အထောက်အထားလက်မှတ်များ ထုတ်ပေးရန်စီစဉ်

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂရုံး Palais des Nations အဆောက်အအုံရှေ့တွင် လမ်းလျှောက်နေသူတစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

ဂျီနီဗာ၊ ဇွန် ၅ ရက် (ဆင်ဟွာ)

COVID-19 ဆိုင်ရာ တရားဝင်အထောက်အထားလက်မှတ်များကို အီလက်ထရွန်းနစ်နှင့် စာရွက်စာတမ်းပုံစံ နှစ်မျိုးလုံးဖြင့် ဇွန် ၇ ရက်တွင် စတင်ထုတ်ပေးမည်ဖြစ်ပြီး တရားဝင်အထောက်အထားလက်မှတ်များနှင့် သက်ဆိုင်သည့် စနစ်များအားလုံးသည် ဇွန်လကုန်တွင် အဆင်သင့်ဖြစ်မည်ဖြစ်ကြောင်း ဆွစ်ဖက်ဒရယ်ကောင်စီက ဇွန် ၄ ရက်တွင် ကြေညာခဲ့သည်။

COVID-19 ဆိုင်ရာ တရားဝင်အထောက်အထားလက်မှတ်များအတွက် တရားဝင်အခြေခံစနစ်များ တည်ဆောက်ရန် စည်းမျဥ်းစည်းကမ်းများအား ဇွန် ၄ ရက်တွင် အတည်ပြုခဲ့ပြီးဖြစ်သဖြင့် ဆွစ်အစိုးရအနေဖြင့် လာမည့် သီတင်းပတ်မတိုင်မီ ယင်းတို့အား တဖြည်းဖြည်း မိတ်ဆက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ကြေညာခဲ့သည်။

အဆိုပါ လက်မှတ်များအား COVID-19 ကာကွယ်ဆေးထိုးနှံပြီးသူ၊ ရောဂါစစ်ဆေးသည့်အချိန်တွင် negative အဖြေထွက်သူ သို့မဟုတ် ရောဂါကူးစက်ခံရပြီး ပြန်လည်ကျန်းမာလာကြောင်း သက်သေပြနိုင်သူ မည်သူ့ကိုမဆို ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အီလက်ထရွန်းနစ်လက်မှတ်များတွင် သိမ်းဆည်းမည့် အက်ပလီကေးရှင်း ၊ COVID-19 ဆိုင်ရာ တရားဝင်အထောက်အထားလက်မှတ်နှင့် အီလက်ထရွန်းနစ်နှင့် စာရွက်စာတမ်းလက်မှတ် နှစ်မျိုးလုံးပေါ်တွင် ပါဝင်သော QR code ကို စကန်ဖတ်၍ စစ်ဆေးနိုင်သော အက်ပလီကေးရှင်းတို့ ပါဝင်မည်ဖြစ်ကြောင်းသိရသည်။

ယင်း QR code ကို အတုပြုလုပ်၍မရဘဲ အဖွဲ့အစည်း၏ အီလက်ထရွန်းနစ်လက်မှတ်ကိုလည်း ထည့်သွင်းထားမည်ဖြစ်ရာ အချက်အလက်များအား အဆင့်မြင့်ကာကွယ်မှု ပေးနိုင်မည်ဖြစ်ကြောင်း ဆွစ်အစိုးရက အာမခံထားသည်။

ဘူလ်ဂေးရီးယား၊ ချက်သမ္မတနိုင်ငံ ၊ ဒိန်းမတ်၊ ဂျာမနီ၊ ဂရိ၊ ခရိုအေးရှား နှင့် ပိုလန်နိုင်ငံ စသည့် ဥရောပသမဂ္ဂအဖွဲ့ဝင် ၇ နိုင်ငံတို့သည် ဥရောပသမဂ္ဂ၏ ဒီဂျစ်တယ် COVID တရားဝင်အထောက်အထားလက်မှတ်များအား ဇွန် ၁ ရက်တွင် စတင်ထုတ်ပေးလျက်ရှိပြီး ဇူလိုင် ၁ ရက်တွင် စီမံချက်စတင်ရန် စီစဥ်ထားခဲ့ရာမှ တစ်လစော၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ (Xinhua)
————————————
(English Version)
Switzerland to issue COVID-19 certificates
GENEVA, June 4 (Xinhua) — Certificates for COVID-19, both in electronic and paper forms, will be issued from June 7 onwards and the complete system surrounding certificates should be ready by the end of June, the Swiss Federal Council declared Friday.
As the ordinance forming the legal basis of COVID-19 certificates was approved Friday, the Swiss government declared in a statement that they will be introduced gradually ahead of next week.
They will be issued to anyone who has been vaccinated, tested negative or can prove that they have recovered from COVID-19.
Electronic certificates will include a storage app, COVID Certificate, and a checking app used to scan the QR code present both on electronic and paper certificates.
The QR code, the Swiss government assured, would be “forgery-proof” and installed with an electronic signature of the Confederation, to ensure a “high level” of data protection.
Seven European Union countries, including Bulgaria, Czech Republic, Denmark, Germany, Greece, Croatia and Poland, have launched issuing the EU Digital COVID Certificates on June 1, one month ahead of the scheme’s scheduled start on July 1. Enditem

Photo- A pedestrian walks past the Palais des Nations in Geneva, Switzerland, April 14, 2020. (Xinhua/Nie Xiaoyang)