တီဟီရန် ၊ မေ ၂ ရက် (ဆင်ဟွာ) ဆော်ဒီအာရေဗျနိုင်ငံရှိ အီရန်သံတမန်ရေးရာဌာနသုံးခုမှ လုပ်ငန်းများပြန်လည်စတင်နေပြီ ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မေ ၁ ရက်တွင် ပြောကြားခဲ့သည်။ အီရန်-ဆော်ဒီ နှစ်နိုင်ငံဆက်ဆံရေး ပုံမှန်ရောက်ရှိရေးနှင့်ပတ်သက်၍ မတ်လတွင် နှစ်နိုင်ငံအကြား သဘောတူညီချက် ရရှိပြီးနောက် ၎င်းတို့၏ သံတမန်ရေးရာလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ရန်...
ဘန်ကောက် ၊ မေ ၂ ရက်(ဆင်ဟွာ) ဇန်နဝါရီလတွင် နွေဦးပွဲတော်အားလပ်ရက်ပြီးနောက် ပထမဆုံး ရက်ရှည်အားလပ်ရက်ဖြစ်သည့် မေဒေးအားလပ်ရက်အတွင်း ထိုင်းနိုင်ငံ၌ တရုတ်ခရီးသွားဧည့်သည်ဦးရေမှာ မြင့်တက်လာခဲ့ကြောင်း သိရသည်။
တီဟီရန်၊ မေ ၂ ရက် (ဆင်ဟွာ) ဆော်ဒီအာရေဗျနိုင်ငံ ရီယက်ဒ်မြို့နှင့် ဂျက်ဒါးမြို့ရှိ အီရန်နိုင်ငံခြားရေးရာဌာနများ၏ လုပ်ငန်းများ ပြန်လည် လည်ပတ်နေပြီဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Nasser Kanaaniက မေ ၁ ရက်တွင် ပြောကြားခဲ့သည်။ ၎င်းမှာ အီရန်နိုင်ငံခြားရေးဌာနများ လုပ်ငန်းပြန်လည်စတင်ခြင်း၏ ပထမအဆင့်သာ ဖြစ်ကြောင်း၊ ဤဌာနများသည်...
ပေကျင်း၊ မေ ၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အင်္ဂါဂြိုဟ်ပေါ်သွားယာဉ် Zhurong က အင်္ဂါဂြိုဟ်ပေါ်၌ ပူနွေးဆုံးဒေသများဖြစ်သော လတ္တီကျုနိမ့်နေရာများတွင် ရေရှိသည့် အဓိကလေ့လာမှုသက်သေကို တွေ့ရှိခဲ့ကြောင်း ယခုသီတင်းပတ်ထုတ် Science Advances ဂျာနယ်က ဖော်ပြခဲ့သည်။ အစောပိုင်းကလည်း အင်္ဂါဂြိုဟ်ပေါ်၌ ရေအမြောက်အမြားတွေ့ရှိကြောင်း သက်သေကို ယခင်လေ့လာတွေ့ရှိမှုများ၌ တွေ့ရှိခဲ့သော်လည်း...
အစ္စလာမ်မာဘတ်၊ မေ ၂ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံမြို့တော် အစ္စလာမ်မာဘတ်တွင် tent pegging မြင်းစီးအားကစားပြိုင်ပွဲအတွင်း မြင်စီးသမားများက ယှဉ်ပြိုင်လျက်ရှိသည်။ Tent pegging မြင်းစီးပြိုင်ပွဲတွင် မြင်းစီးသမားများက မြင်းကို ကဆုန်ပေါက်၍ ဒုန်းစီးကာ ဓားရှည် သို့မဟုတ် လှံရှည်ကို အသုံးပြု၍ မြေပြင်ပစ်မှတ် ကို စိုက်ဝင်အောင်ပစ်ရခြင်းဖြစ်သည်။...