တရုတ်နိုင်ငံက အမှီအခိုကင်းစွာ တီထွင်ထုတ်လုပ်ထားသော AG600 အမျိုးအစား ကုန်း၊ ရေနှစ်သွယ်သွား မီးသတ်လေယာဉ်ကြီး၏ ဒီဇိုင်းပုံစံနှင့် လေယာဉ်အစိတ်အပိုင်း အားလုံးအတွက် ပေကျင်းမြို့ရှိ တရုတ်နိုင်ငံ မြို့ပြလေကြောင်းစီမံအုပ်ချုပ်ရေး အာဏာပိုင်အဖွဲ့ (CAAC) ထံမှ ဧပြီ ၂၀ ရက်၌ တရားဝင်ထောက်ခံချက် ရရှိခဲ့သဖြင့် ယင်းအား တီထွင်ထုတ်လုပ်မှု အောင်မြင်သွားပြီဖြစ်သလို ဈေးကွက်ထဲသို့...
ရန်ကုန်၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံအား ကူညီပေးသည့် အဋ္ဌမအသုတ် အရေးပေါ် လူသားချင်းစာနာမှု ငလျင်ဘေးကယ်ဆယ်ရေးပစ္စည်းများသည် ဧပြီ ၂၂ ရက်တွင် မြန်မာနိုင်ငံ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့သည်။ အဆိုပါ အဋ္ဌမအသုတ် ကူညီကယ်ဆယ်ရေးပစ္စည်းများတွင် အရိုးဆက်ပြား ၂၄,၆၀၀ ခု၊ အရိုးဆက်စကူ ၁၃၂,၀၀၀...
ဂျေရုဆလမ်၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ) လွန်ခဲ့သော သုံးရက်အတွင်း ဂါဇာကမ်းမြောင်ဒေသ အနှံ့အပြားတွင် လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၀၀ ကျော် လုပ်ဆောင်ခဲ့ကာ အစ္စလာမ်မစ်ဂျီဟတ် လှုပ်ရှားမှု အဖွဲ့ဝင်တစ်ဦးကို သုတ်သင်ခဲ့သည်ဟု အစ္စရေးစစ်တပ်က ဧပြီ ၂၁ ရက်၌ ပြောကြားခဲ့သည်။ စစ်သွေးကြွများ၏ အခြေခံအဆောက်အအုံများ၊ စစ်သွေးကြွအဖွဲ့ဝင်များ၊...
ပေကျင်း၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီး တုန်ကျွင်းတို့သည် ၂၀၂၅ ခုနှစ် ဧပြီ ၂၁ ရက်တွင် ပေကျင်း၌ အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Sugiono နှင့် အင်ဒိုနီးရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီး...