ပဲခူး၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စုများက မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာအတာသင်္ကြန်ပွဲတော်အား ရိုးရာအစဉ်အလာမပျက် ရေပက်ကစားခြင်း၊ စတုဒိသာမဏ္ဍပ်ထိုး၍ ထမင်းများကျွေးမွေးခြင်း၊ အအေးနှင့် မြန်မာ့ရိုးရာမုန့်များကျွေးမွေးခြင်းတို့ဖြင့် နေ့စဉ်ဒါနပြုလှူဒါန်းလျက်ရှိရာ သင်္ကြန်အတက်နေ့မြင်ကွင်းကို ရိုက်ကူးထားခြင်းဖြစ်ပါသည်။ ယခုနှစ် မဟာအတာသင်္ကြန်ပွဲတော်သည် ယူနက်စကိုတွင် လူသားမျိုးနွယ် ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု...
ရန်ကုန်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ရန်ကုန်မြို့ ဆူးလေ မြို့တော်ခန်းမရှေ့ မဟာသင်္ကြန်အတက်နေ့ လမ်းလျှောက်သင်္ကြန် လာရောက်လည်ပတ်ကြသည့်မြင်ကွင်းကို ၂၀၂၅ ခုနှစ် ဧပြီ ၁၆ ရက် မနက်ပိုင်းက ရိုက်ကူးတင်ဆက်ထားခြင်း ဖြစ်သည်။ (Xinhua)
ကွာလာလမ်ပူ၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အရှေ့တောင်အာရှ သုံးနိုင်ငံ ခရီးစဉ်၏ ဒုတိယမြောက်နိုင်ငံအဖြစ် မလေးရှားနိုင်ငံသို့ ဧပြီ ၁၅ ရက်က နိုင်ငံတော်ခရီးစဉ်ရောက်ရှိလာခဲ့ရာ မလေးရှားနိုင်ငံ ဘုရင် စူလ်တန် အီဘရာဟင် စူလ်တန် အစ္စကန်ဒါက ဧပြီ ၁၆ ရက်တွင်...
ရန်ကုန်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ရန်ကုန်မြို့ ကျောက်မြောင်းမြို့နယ်အတွင်း မဟာသင်္ကြန်အတက်နေ့ စတုဒိသာ ကျွေးမွေးမှုများ၊ ရေပက်ခံထွက်သူများနှင့် ရေကစားနေကြသူများ မြင်ကွင်းကို ၂၀၂၅ ခုနှစ် ဧပြီ ၁၆ ရက် နံနက်ပိုင်းက ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်သည်။ (Xinhua)
ရန်ကုန်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်အားကစားကွင်းသို့ မဟာသင်္ကြန်အတက်နေ့ နံနက်ပိုင်း လာရောက်လည်ပတ်ကြသူများကို ဧပြီ ၁၆ ရက် နံနက်ပိုင်းက ရိုက်ကူးထားခြင်းဖြစ်ပါသည်။ (Xinhua)