ရှန်ဟိုင်း ၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် ပထမဆုံး ကိုယ်ပိုင်ထုတ်လုပ်သော အကြီးစားခရီးသည်တင်ဂျက်လေယာဉ် C919 သည် မြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့ထံမှ ပျံသန်းခွင့်လက်မှတ်ရရှိပြီ ဖြစ်သည်။ ၎င်းလေယာဉ်သည် ၂၀၁၇ ခုနှစ် မေလတွင် ပထမဆုံးအကြိမ် ပျံသန်းမှု ပြုလုပ်ခဲ့ချိန်မှစ၍ လွန်ခဲ့သည့်ငါးနှစ်အတွင်း ကြုံတွေ့ခဲ့ရသည့်အရာများကို ဗီဒီယိုတွင် ဆက်လက်ရှုစားနိုင်ပါသည်။...
မကြာသေးမီနှစ်များအတွင်း တရုတ်နိုင်ငံက အဆိုပြုခဲ့သည့် အဆိုပြုချက်များ အထူးသဖြင့် ရပ်ဝန်းနှင့်ပိုးလမ်းမ အဆိုပြုချက်သည် ကမ္ဘာလုံးဆိုင်ရာစီးပွားရေး နှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အလွန်အရေးပါ၍ အကျိုးပြုကြောင်း အီဂျစ်လူမျိုး အာရှရေးရာကျွမ်းကျင်သူက ပြောကြားခဲ့သည်။ (Xinhua) xhtxs.cn/AlY ———————————– The initiatives proposed by China in recent years,...
“ကျွန်မအနေနဲ့ တရုတ်နိုင်ငံကို အရမ်းချစ်ပါတယ်။ နောက်ပြီးတော့ အလွန်ခမ်းနားကြီးကျယ်လှတဲ့တရုတ်နိုင်ငံကို သွားလည်ဖို့ကို အမြဲ အိပ်မက်မက်လေ့ရှိတယ်’’ ဟု သတ္တမတန်းကျောင်းသူတစ်ဦးဖြစ်သော Qugaya Sherif က ပြောကြားသည်။ အီဂျစ်နိုင်ငံ အစိုးရ အလယ်တန်းကျောင်း ၁၂ ကျောင်းတွင် တရုတ်ဘာသာစကား သင်ကြားရေး ရှေ့ပြေးစီမံချက်ကို စတင်နေပြီ ဖြစ်သည်။ (Xinhua) xhtxs.cn/Alh...
တရုတ်နိုင်ငံက လှူဒါန်းသည့် ရွက်ဖျင်တဲများသည် ပါကစ္စတန်နိုင်ငံရှိ ရေဘေးဒဏ်သင့်၊ နေရပ်စွန့်ခွာရွှေ့ပြောင်းနေရသူများအတွက် သက်သောင့်သက်သာရှိသော ပတ်ဝန်းကျင်တစ်ခုအား ပံ့ပိုးပေးလျက်ရှိကြောင်း သိရသည်။ “ဒီရွက်ဖျက်တဲတွေက တော်တော့်ကို သက်သောင့်သက်သာ ရှိပါတယ်။ လေဝင်လေထွက် ကောင်းစေပြီးတော့ အပူဒဏ်ကိုလဲ ခံနိုင်ပါတယ်။”ဟု Matli မြို့၏ လက်ထောက်ကော်မရှင်နာက ပြောကြားခဲ့သည်။ (Xinhua) xhtxs.cn/Aj4 —————————— China-donated...
ကုလသမဂ္ဂက ကြားဝင်စေ့စပ်ပေးသော ၆ လကြာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေးမှာ သက်တမ်းတိုးခြင်းမရှိဘဲ ကုန်ဆုံးသွားပြီးနောက် အကြမ်းဖက်မှုများ ထပ်မံဖြစ်ပွားမည်ကို စစ်မက်ဒဏ်ခံစားနေရသည့် ယီမင်ပြည်သူများက စိုးရိမ်လျက်ရှိသည်။ (Xinhua)xhtxs.cn/Ak5 #Yemen #TruceExpriry #Xinhua #Xinhuamyanmar #ယီမင် #အပစ်ခတ်ရပ်စဲရေးကာလကုန်ဆုံး #ဆင်ဟွာ ——————————- After a 6-month humanitarian...