ဘူလကန်၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)
ပြင်သစ်နိုင်ငံ သမ္မတ အီမန်နျူရယ် မက်ခရွန် (Emmanuel Macron) ၏ ခရီးစဉ်သည် အမေရိကန်သမ္မတ အဖြစ် ဂျိုးဘိုင်ဒန် တာဝန်ယူပြီးနောက်ပိုင်း အမေရိကန်နိုင်ငံသို့ လာရောက်သော ပြည်ပနိုင်ငံ ခေါင်းဆောင်၏ ပထမဆုံး တရားဝင် နိုင်ငံတော်ခရီးစဉ်တစ်ခု ဖြစ်မည် ဟု အိမ်ဖြူတော်၏ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)
ထိုက်ယွမ်၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက ဂြိုဟ်တု ၃ စင်း သယ်ဆောင်ထားသော Long March-6 သယ်ဆောင်ရေးဒုံးပျံကို အာကာသအတွင်းသို့ စက်တင်ဘာ ၂၆ ရက်တွင် လွှတ်တင်ခဲ့သည်။
ပေကျင်း၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ) ၂၀ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ (CPC) အမျိုးသားကွန်ဂရက်အတွက် ကိုယ်စားလှယ် ၂,၂၉၆ ဦး စက်တင်ဘာ ၂၅ ရက်က ရွေးကောက်ခဲ့ပြီးနောက် ၎င်းတို့၏ အသေးစိတ်အချက်အလက်များကို အာဏာပိုင်များက ၂၀ ကြိမ်မြောက် CPC အမျိုးသားကွန်ဂရက်ထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
မော်စကို ၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင်က အမေရိကန်နိုင်ငံ အမျိုးသား လုံခြုံရေးအေဂျင်စီဝန်ထမ်းဟောင်း အက်ဒ်ဝါဒ့် စနိုဒန်ကို ရုရှားနိုင်ငံသားအဖြစ် ခွင့်ပြုကြောင်း အမိန့်တစ်ရပ်အား စက်တင်ဘာ ၂၅ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။