ဂျကာတာ ၊ အောက်တိုဘာ ၁၇ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းပေါ်၌ အောက်တိုဘာလ ၁၆ ရက် ညပိုင်းက တံတားတစ်စင်း ပြိုကျမှုဖြစ်ပွားခဲ့ရာ လူ ၉ ဦးသေဆုံးပြီး ၃၄ ဦး ထိခိုက်ဒဏ်ရာရသွားကြောင်း ဒေသတွင်း ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင်က ဆိုသည်။
ဘန်ကောက်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ အိမ်ရှေ့စံ Maha Vajiralongkorn က ထီးနန်းဆက်ခံခြင်းအား ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နန်းတော်ဥပဒေ နှင့် ရိုးရာဓလေ့ ထုံးတမ်းစဉ်လာများ ဖြင့် အသေးစိတ်ဆောင်ရွက်ထားခြင်းဖြစ်၍ ထိုင်းနိုင်ငံပြည်သူပြည်သားများအနေဖြင့် ထီးနန်းဆက်ခံခြင်းနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုမရှိကြရန် ပြောကြားခဲ့သည်။
ရန်ကုန် ၊ အောက်တိုဘာ ၁၆ ရက်(ဆင်ဟွာ) မြန်မာတို့၏ ၁၂ လ ရာသီပွဲတော်များတွင် အထင်ရှားဆုံး ပွဲတော်များတွင် တစ်ခု အပါအဝင် ဖြစ်သည့် သီတင်းကျွတ် မီးထွန်းပွဲတော် ဖြစ်ပြီး ယနေ့အောက်တိုဘာလ ၁၆ ရက်သည် သီတင်းကျွတ် လပြည့် အဘိဓမ္မာ အခါတော်နေ့ဖြစ်သည်။