ဒါကာ ၊ ဇွန် ၁၄ ရက်(ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာ၏ အနောက်မြောက်ဘက် ၃၀၂ ကီလိုမီတာခန့်ရှိ Chapainawabganj ခရိုင်၌ ဆိုလာငါးမွေးမြူရေးခြံသည် ပင်မလျှပ်စစ်ဓာတ်အားလိုင်းနှင့် ချိတ်ဆက်လိုက်ပြီဖြစ်ကြောင်း သိရသည်။
အစ္စလာမ်မာဘတ်၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံသည် ဆိုင်ကလုန်းမုန်တိုင်း ဘီပါဂျွိုင်း (Biparjoy) ဝင်ရောက်မှုကို ကြိုတင်ကာကွယ်သည့်အနေဖြင့် ကမ်းရိုးတန်းဒေသ၌ နေထိုင်သူများကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းရေး ကြိုးပမ်းအားထုတ်မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် လူဦးရေ ၁၀၀,၀၀၀ ခန့်ကို ရွှေ့ပြောင်းပေးခဲ့ကြောင်း အမျိုးသား သဘာဝဘေးစီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့ (NDMA) ဥက္ကဋ္ဌ Inam Haider...
လားဆ၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) တိဗက်နွားအမွေး နှင့် နီပေါကြေးနီဒန်အိုးမှစ၍ ဩစတြေးလျ ချောကလက်များအထိ ပါဝင်ပြသမည့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း “ကမ္ဘာ၏ခေါင်မိုး” ဟုအမည်တွင် သော တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၌ ပြုလုပ်မည့် နိုင်ငံတကာကုန်စည်ပြပွဲက ကမ္ဘာလှည့်ခရီးသွားများလာရောက်ရန် ဆွဲဆောင်လျက်ရှိသည်။
ကူမင်း၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) တရုတ်-လာအို ရထားလမ်းက ဧပြီ ၁၃ ရက်၌ ခရီးသည်တင်ဝန်ဆောင်မှု စတင်ချိန်မှစ၍ နယ်စပ်ဖြတ်ကျော် ခရီးသည်ခရီးစဉ် ၂၅,၀၀၀ ကိုင်တွယ်ဆောင်ရွက်နိုင်ခဲ့ကြောင်း မိုဟန်မြို့ အဝင်၊ အထွက် နယ်စပ်စစ်ဆေးရေးဂိတ်အရ သိရသည်။
ပေကျင်း၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အကောက်ခွန်အာဏာပိုင်များက နိုင်ငံ၏ စီးပွားရေးပတ်ဝန်းကျင် ပိုမိုကောင်းမွန်လာစေရန် အစီအစဉ် ၁၆ ခုကို ကြေညာလိုက်ကြောင်း ဇွန် ၁၃ ရက်က ပြောကြားခဲ့သည်။