အဘူဂျာ ၊ အောက်တိုဘာ ၂၁ ရက်(ဆင်ဟွာ) နိုင်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်း Kadunaပြည်နယ်တွင် လွန်ခဲ့သည့်ရက်အနည်းငယ်ခန့်က ဖြစ်ပွားသည့် လူမျိုးစုပဋိပက္ခကြောင့် သေဆုံးသူ အနည်းဆုံး ၅၅ ဦး ရှိကြောင်း ရဲတပ်ဖွဲ့က အောက်တိုဘာ ၂၀ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။
ရှန်ဟိုင်း၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ) တရုတ် နိုင်ငံတကာသွင်းကုန်ပြပွဲ (China International Import Expo) အတွက် လူပေါင်း ၅,၄၀၀ ကျော် စေတနာ့ဝန်ထမ်းအဖြစ် ကတိသစ္စာပြုခဲ့ကြောင်း တရုတ်နိုင်ငံ ကွန်မြူနစ်လူငယ်များအဖွဲ့ချုပ်၏ ရှန်ဟိုင်း စည်ပင်သာယာကော်မတီအရ သိရသည်။
စင်ကာပူ ၊ အောက်တိုဘာ ၂၁ ရက်(ဆင်ဟွာ) ၅ ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများအသင်း(ASEAN) ဝန်ကြီးများ၏ အစည်းအဝေး(ADMM)- (+) ဆက်စပ်အစည်းအဝေးကို စင်ကာပူနိုင်ငံ၌ အောက်တိုဘာ ၂ဝ ရက်တွင် စတင်ကျင်းပခဲ့ပြီး တရုတ်နိုင်ငံနိုင်ငံတော်ကောင်စီဝင် နှင့် ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး Wei Fenghe လည်း ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။
ဒမက်စကက်စ် ၊ အောက်တိုဘာ ၂၁ ရက်(ဆင်ဟွာ) အမေရိကန်ဦးဆောင်သည့် နိုင်ငံတကာမဟာမိတ်တပ်များက လွန်ခဲ့သော ၂၄ နာရီအတွင်း ဆီးရီးယား နိုင်ငံ အရှေ့ပိုင်းDeir ez-Zorပြည်နယ်ကို လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ အရပ်သားပြည်သူ အနည်းဆုံး ၆၂ ဦး သေဆုံးပြီး လူပေါင်းဒါဇင်နှင့်ချီ ဒဏ်ရာရရှိခဲ့ကြောင်း ဆီးရီးယား မီဒီယာများက ဆိုသည်။
ဝါရှင်တန် ၊ အောက်တိုဘာ ၂၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က အမေရိကန်နိုင်ငံအနေဖြင့် ရုရှားနိုင်ငံနှင့် ပြုလုပ်ထားသော ဆယ်စုနှစ်များစွာ ရှိခဲ့သည့် မဟာဗျူဟာမြောက်လက်နက်များတပ်ဆင်ခြင်း ကန့်သတ်ရေး တာလတ်ပစ်နျူကလီးယားဒုံးကျည်အစီအစဉ်(INF) သဘောတူညီချက်မှ နုတ်ထွက်မည်ဟု အောက်တိုဘာ ၂ဝ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။