လန်ကျိုး၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကန်းစု ပြည်နယ်ရှိ ယဉ်ကျေးမှု အမွေအနှစ်နေရာ ၇၂ ခု တွင် ရှားပါးပြီး အဖိုးတန် ကျောက်တုံးပန်းချီများ အတွက် ဒစ်ဂျစ်တယ် ရုပ်ပုံ ဒေတာဘေ့စ်ကို ထူထောင်ထားကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောကြားခဲ့သည်။
တိုကျို ၊ ဇွန် ၁၃ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံ၏ ပျက်စီးနေသော ဖူကူရှီးမားဒိုင်အိချိ နျူကလီးယားဓာတ်အားပေးစက်ရုံ လုပ်ကိုင်သူများက ပြည်တွင်း ၊ ပြည်ပမှ အပြင်းအထန်ဆန့်ကျင်ကန့်ကွက်သည့်ကြားမှ ပစိဖိတ်အတွင်းသို့ နျူကလီးယားညစ်ညမ်းရေမျာ စွန့်ထုတ်ရန် စက်ပစ္စည်းများအား စတင်စမ်းသပ်နေကြောင်း သိရသည်။
ပေကျင်း၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံသို့ နိုင်ငံတော်အလည်အပတ်ခရီးစဉ်ရောက်ရှိလာသော ဟွန်ဒူးရပ်စ်နိုင်ငံ သမ္မတ Xiomara Castroနှင့် ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် ဇွန် ၁၂ ရက် ညနေပိုင်းက တွေ့ဆုံဆွေးနွေးခဲ့သည်။
ရန်ကုန်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအစိုးရမှ ဆိုင်ကလုန်းမုန်တိုင်းဘေးသင့်ပြည်သူများအတွက် ပေးပို့လှူဒါန်းသော ပထမအသုတ် လူသားချင်းစာနာထောက်ထားမှု ပစ္စည်းများ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဇွန် ၁၂ ရက်၌ ရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံဘက်သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ပေကျင်း၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) အီရန်နိုင်ငံနှင့် ဆက်စပ်သည်ဟူသော အကြောင်းပြချက်ဖြင့် တရုတ်ကုမ္ပဏီအချို့နှင့် လူပုဂ္ဂိုလ်အချို့အပေါ် အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုကို တရုတ်နိုင်ငံက ကန့်ကွက်ကြောင်း တရုတ်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဇွန် ၁၂ ရက်၌ ပြောကြားခဲ့သည်။