ကိုပင်ဟေဂင် ၊ ဇွန် ၁၃ ရက်(ဆင်ဟွာ) ကမ္ဘာ့အကြီးဆုံး ဒိုင်နိုဆောဦးခေါင်းခွံအား ဥရောပ၏ ထိပ်တန်းပြတိုက်များအနက် တစ်ခုဖြစ်သည့် ဒိန်းမတ် နိုင်ငံ၏ Knuthenborg ဆာဖာရီဥယျာဉ်ရှိ Evolution ပြတိုက်၌ ဇွန် ၁၃ ရက်တွင် ထုတ်ဖော်ပြသမည်ဖြစ်ကြောင်း သိရသည်။
ဒမတ်စကတ်စ် ၊ ဇွန် ၁၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသည် ဖေဖော်ဝါရီလအတွင်း ဆိုးရွားသည့် မြေငလျင်များ လှုပ်ခတ်ပြီး စစ်ဘေးဒဏ်သင့် ဆီးရီးယားနိုင်ငံအား ပြန်လည်ထူထောင်ရေး ကူညီသည့် အနေဖြင့် စားနပ်ရိက္ခာ တန်ချိန် ၃,၅၀၀ ကျော်ကို ဇွန် ၁၁ ရက်က လှူဒါန်းခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇွန် ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံမုန်တိုင်းဒဏ်သင့်ဒေသများအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများ ပထမအကြိမ်လှူဒါန်းခဲ့သည့် အခမ်းအနားကို ဇွန် ၁၂ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပြုလုပ်ခဲ့သည်။ အဆိုပါ အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai က ထောက်ပံ့ရေးပစ္စည်းများကို...
ပေကျင်း၊ ဇွန် ၁၂ ရက် (ဆင်ဟွာ) မကြာသေးမီ ကာလက ရှီကျင့်ဖိန်၏ တရုတ်နိုင်ငံရေးရာ စီမံခန့်ခွဲမှု စာအုပ် (အတွဲ ၄) ကို ပြင်သစ်၊ ရုရှား၊ အာရဗီ၊ စပိန်၊ ပေါ်တူကီ၊ ဂျာမနီ၊ ဂျပန်နှင့် တရုတ်(ရိုးရာစာလုံး)စသည့် ဘာသာစကားများဖြင့် ပုံနှိပ်ထုတ်ဝေ၍ ပြည်တွင်းပြည်ပသို့ ဖြန့်ချိခဲ့သည်။
ကူဝိတ် ၊ ဇွန် ၁၂ ရက်(ဆင်ဟွာ) ကူဝိတ်နိုင်ငံ Hawalli ပြည်နယ်၌ တရုတ်အမှတ်တံဆိပ်မော်တော်ကားပြပွဲအား ဇွန် ၁၁ ရက်တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။