ရန်ကုန်၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း ငါးခူရ ရဲစခန်းအား အကြမ်းဖက် စီးနင်း တိုက်ခိုက်ရာတွင် ပါဝင်သူ ၁၁ဦးအား ဖမ်းဆီးရမိကြောင်း တပ်မတော်သတင်းထုတ်ပြန်ရေးအဖွဲ့မှ သတင်းထုတ်ပြန်သည်။
ပေကျင်း၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံပိုင် သတင်းဋ္ဌာန ဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် Xinhuanet.com ၏ စတော့ခ် (Stock) ရှယ်ယာများအား အောက်တိုဘာလ ၂၈ ရက်တွင် စတင် ရောင်းဝယ်နိုင်မည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) နေပြည်တော်၌ တည်ဆောက် နေသော ရေအရည်အသွေး ဆန်းစစ်သည့် ဓာတ်ခွဲခန်းတွင် လိုအပ်သော စက်ပစ္စည်း များကို အောက်တိုဘာလ အတွင်း အပြီးတပ်ဆင် သွားမည် ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းပြီးဖြစ်သော မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေကို နိုင်ငံတော် သမ္မတ ဦးထင်ကျော်က အောက်တိုဘာ ၁၈ ရက်က လက်မှတ်ရေးထိုး အတည်ပြု ထုတ်ပြန်လိုက်သည်။
နယူးဒေလီ၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း အိုဒစ်ရှာပြည်နယ်တွင် ကြောက်မက်ဖွယ် လူသေဆုံးမှု ဖြစ်ပွားခဲ့သည့် ဆေးရုံ မီးလောင်ကျွမ်းမှုအတွက် ဆရာဝန် တစ်ဦး အပါအဝင် လူ လေးဦးအား ဖမ်းဆီးခဲ့ကြောင်း တာဝန်ရှိသူများက အောက်တိုဘာ ၁၉ ရက်၌ ပြောကြားခဲ့သည်။