ရန်ကုန်၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ယာဉ်လမ်းကြောများ၌ ပြေးဆွဲနေသော ကုန်သေတ္တာတင် ကွန်တိန်နာယာဉ် ကြီးများကို နိုဝင်ဘာ ၁ရက်နေ့မှစပြီး အချိန်အကန့်အသတ်ဖြင့်သာ ဝင်ရောက်ပြေးဆွဲရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ကြေညာချက်ထုတ်ပြန်လိုက်သည်။
နေပြည်တော်၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ) နွေရာသီတွင် လျှပ်စစ်ဓာတ်အား ဖူလုံရေးအတွက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် မဂ္ဂါဝပ် ၅၀၀ ကျော် ပိုမိုထုတ်လုပ်မည် ဟု လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်းမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လေးက ဆင်ဟွာကို ပြောသည်။
ဟနွိုင်း၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ တွင် ၂၀၀၉-၂၀၁၀ စာသင်နှစ် မှစ၍ စာသင်ကျောင်းများ အတွင်း နှင့် ပြင်ပ၌ ကျောင်းသား အချင်းချင်း ခိုက်ရန်ဖြစ်ပွားမှုပေါင်း ၁,၆၀၀ နီးပါးခန့်ရှိခဲ့ကြောင်း ပညာရေးနှင့်လေ့ကျင့်ရေးဝန်ကြီးဋ္ဌာန ၏ အချက်အလက်များကို ကိုးကား၍ ပြည်တွင်းမီဒီယာတစ်ခု က အောက်တိုဘာ၁၃ရက်...
ဂျကာတာ ၊ အောက်တိုဘာ ၁၃ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အစိုးရသည် အမျိုးသမီးများ နှင့် ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုကို လျော့ကျရန်ရည်ရွယ်ပြီး ပီပါပူး (Peperpu) သက်ငယ် လက်ထပ်ခြင်း ဥပဒေကို ပြင်ဆင်ရန် စီစဉ်နေကြောင်း အောက်တိုဘာလ ၁၂ရက်တွင် ဝန်ကြီးက ပြောကြားလိုက်သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ) ၂၀၁၇ ခုနှစ် ဧပြီ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲစာရင်းများကို ကွင်းဆင်းကောက်ယူမည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။