ဟနွိုင်း၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း ထိုင်းဘင့်ပြည်နယ်တွင် တွေ့ရှိခဲ့သည့် Manis javanica မျိုးစိပ်ဝင် ရှားပါးသင်းခွေချပ် ၆၁ ကောင်ကို အကျိုးအမြတ်မယူသော အဖွဲ့အစည်း Save Vietnam’s Wildlife (SVW) ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ရီယိုဒီ ဂျနေရို၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ သိပ္ပံပညာရှင်များသည် နိုင်ငံအတွင်း ရှာဖွေတွေ့ရှိခဲ့သည့် ဒိုင်နိုဆောရုပ်ကြွင်းများအနက် အကြီးဆုံးဖြစ်လာမည့် ဒိုင်နိုဆောရုပ်ကြွင်းကြီးအား ရှာဖွေတွေ့ရှိခဲ့မှုကို အောက်တိုဘာ ၅ရက်က ကြေညာခဲ့ပြီး အဆိုပါ သတ္တဝါသည် အရှည် ၂၅မီတာ ရှည်လျားကြောင်း သိရသည်။
ယူကရိန်း၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံတွင် အရက်အဆိပ်သင့်မှုကြောင့် သေဆုံးသူဦးရေသည် အယောက် ၅၀ ကျော်ရှိလာပြီ ဖြစ်ကြောင်း အစားအသောက်ဆိုင်ရာဘေးကင်းမှု နှင့် စားသုံးသူ ကာကွယ်ရေး ဋ္ဌာန က အောက်တိုဘာ ၅ရက်ကပြောကြားခဲ့သည်။
မနီလာ ၊ အောက်တိုဘာ ၆ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံသမ္မတဒူတာတေးက တရုတ်နိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံအမတ်အသစ်အဖြစ် သတင်းသမား(ဟောင်း)တစ်ဦးဖြစ်သူ Jose Santiago Sta.Romana အား အောက်တိုဘာလ ၅ ရက်က ခန့်အပ်တာဝန်ပေးလိုက်ကြောင်းသိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ အဖွဲ့ဝင် ၄ဦးကို ယနေ့ ရာထူးမှ နှုတ်ထွက်ခွင့်ပြုလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်လိုက်သည်။